part(47)

5.6K 368 30
                                    

Unicode

ထုံးစံအတိုင်း.....သော်....မထနိုင်တော့...
အိပ်ယာထဲမှာ လှုပ်ကိုမလှုပ် .... ဒီတစ်ခါက အရင်လိုတစ်ကြိမ်တစ်ခါပဲနဲ့ ပြီးသွားတာမဟုတ်ဘဲ အချိန်တော်တော်ကြာသည်အထိ နေမိတာကြောင့် သော် အခြေအနေဆိုးပါသည်။

မိုးဦး...မိုးလင်းတည်းက သော် စားဖို့ပြင်ဆင်ပေးရသည်။ ဝင်အောင်ကျွေးပြီး ဆေးတိုက်ထားလိုက်သည်။
နေ့လည်အထိ သော်တစ်ယောက်စောင်ပုံထဲမှ မထွက်။
မိုးဦး သော့်နဖူးလေး နမ်းကာစမ်းရင်း....

"အဖျားတော့မရှိပါဘူး....သော်...ဘယ်လိုနေသေးလဲ"

"အင်း.....နာသေးတယ်....နာသေးတယ်...."

မျက်လုံးမဖွင့်ဘဲ ညီးညီူးညူညူ ပြန်ဖြေနေသည်။
အသည်းယားစရာလေးလဲကောင်းပြီး သနားစရာလဲကောင်းသည်။

"ထမင်းစားရအောင်လေ"

"ဆေးသောက်ဖို့လား...."

"သော်ပဲ နာသေးတယ်ဆို...သောက်ရမှာပေါ့"

"အင်းပါ..အင်းပါ...ခဏပဲနော်....ခဏနေရင် ရေချိုးလိုက်မယ်....ပြီးမှစားပါရစေ"

စားဖို့တောင် မထနိုင်သည်အထိ သော် ပုံလျက်သားလဲသည်။ ထကို မထနိုင်တာပါ။

"အင်းပါ....သော်လေးသဘော ကို စောင့်မယ်လေ တူတူစားရအောင်"

"အင်း...အင်း"

ခုထိ မျက်လုံးမဖွင့်သေး... စောင်ပုံထဲကနေ မျက်နှာလေးအပြင်ထုတ်ထားပြီး ပြောနေတာ။

"သော်...ကို...ပြောစရာရှိတယ်"

"အင်း...ပြောလေ"

"ကိုတို့ ဦးလေးသန်းတို့ရွာ သွားကြမယ်လေ"

"သွားမယ်လေ"

"ပြီးတော့....သော်လေးအဖွား အိမ်ကိစ္စလဲတစ်ပါတည်း ဖြတ်လိုက်ရ​အောင်နော်....သော် ​ေနာက်တစ်ခေါက် အဲ့မြို့ကို မပြန်ရအောင်လေ"

"ဟုတ်တယ်...သော်....အဲ့အိမ်ကိစ္စမြန်မြန်ပြီးအောင် လုပ်ရမယ်"

မျက်လုံးဝိုင်းလေးတွေ ပွင့်လာပြီး ပြန်ပြောသည်။

"ဘယ်နေ့သွားနိုင်လဲ.....သော်....ကိုက... အဆင်ပြေတယ်"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now