part(2)

10.1K 800 6
                                    

Unicode

"ကျောင်းပိတ်ပြီဆိုတော့ သော် ဘယ်သွားချင်လဲ. . .ကိုကိုကြီးလိုက်ပို့မယ်"

ပန်းကောက်နေသူက မော့်ကြည့်ရင်း. . .

"ဟင့်အင်း. . .ကိုကိုကြီးက ဆယ်တန်းတက်ရမှာ. . .ခဏပဲနားရမှာပေါ့. . .သား ဘယ်မှမသွားချင်ဘူး. . .ကိုကိုကြီး ဆယ်တန်းစာမေးပွဲပြီးမှ. . ."

"အင်း. . .ဘယ်သွားချင်လဲ. . .အကုန်လိုက်ပို့မယ်"

ပြုံးပြီးခေါင်းညိမ့်တယ်။
အမြဲတမ်းပြုံးနေရင် ခက်တော့မှာပဲ...သော်ရယ်။

သော်က ကျွန်တော်အရမ်းချစ်ရတဲ့ညီလေး. . .အင်း. . .ဟုတ်ပါတယ်. . .ကျွန်တော့်ညီလေး. . .ကျွန်တော့်အပိုင်မိုလို့ချစ်နေတာပါ။

"သားရေ. . .ကိုမိုးဦး. . .သော်လေးရေ. .."

"မေမေခေါ်နေပြီ သော်. . .ပြန်ရအောင်"

"ရောက်ထဲက သော့်နားပြေးတာပဲ. . .ခဏနား​ပြီးရင်... ရေချိုးဖို့လုပ်"

"သော်ရော. . .ရေချိုးပြီးပြီလား. . ."

"သား ရေချိုးပြီးပြီ. . .အန်တီမေမေ"

"အေး. . .အေး. . .သော်လေး. . .ကိုကိုကြီးပြန်ခေါ်သွားမယ် ပြီးမှလိုက်လာခဲ့. . .နော်. ..အိမ်မှာထမင်းစားရအောင်. . .သားကြိုက်တဲ့ဝက်နံရိုးချက်ထားတယ်. . .ကိုကို​ကြီး ကြိုက်တဲ့ပုစွန်ရောပဲ. . .ဖွားတွက်ပန်းသီပြီရင်လိုက်ခဲ့နော်"

"ဟုတ်"

သားမိနှစ်ယောက်အိမ်ပြန်လာတယ်။အိမ်လဲရောက်ရော ပြင်ဆင်ထားတဲ့အထုတ်တွေကိုမြင်တော့. . .

"မေမေ. . .ဘာတွေလဲ"

မိုးဦး မေမေ့ကိုမေးတယ်။

"သားဖေဖေဆီသွားဖို့လေ. . ."

"ချက်ချင်းကြီးလား"

"အင်းပေါ့. . .ဖေဖေ ဟိုမှာတစ်ယောက်ထဲ စားရေး သောက်ရေးခက်နေတာကြာပြီ. . .ပြီးတော့ သားအတွက်.... ဘော်ဒါအပ်ပြီးပြီ"

"ဟာ. . .မေမေကလဲဗျာ. . .ချက်ချင်းဆိုသားမလိုက်ဘူး. . ."

ဒေါ်ခင်နှင်းဦး တနေကုန် သိမ်းရ ထုတ်ရပင်ပန်းတာထက် မိုးဦးကို နားချဖို့ပိုမောနေပါပြီ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now