part(7)

8K 676 17
                                    

Ring Ring Ring

"Hello. . .မေမေပြောပါရှင့်"

"မီးရေ. . .မြင့်မိုရ်. . .ရဲရင့်... ရန်ဖြစ်လို့တဲ့. . .ခုစမ်းချောင်းရဲစခန်းကဖုန်းဆက်တာ. ..မေမေတော့ ရဲရင့်ကြောင့်စိတ်ညစ်တာပဲ. . .မီးအလုပ်များနေလား. . .မေနဲ့လိုက်ခဲ့နိင်မလား"

"အို. . .မေမေ. . .ဒီကောင်လေးခက်တော့တာပဲ. . .
မြင့်မိုရ်ကအစည်းအဝေးရှိတယ်. . .မေမေ"

"မိုးဦးရော. . .မိုးဦးလဲပါမှာလား"

"မိုးဦးပါမယ်မေမေ. . .နေအုံး. . .မြင့်မိုရ်...မိုးဦးကိုအကူအညီတောင်းကြည့်မယ်. . .ယောကျားလေးဆိုတော့ရဲစခန်းမှာ ပြောရဆိုရ... ပိုအဆင်ပြေမလားလို့"

"အင်း. . .မီး... ဖုံးပြန်ဆက်ပေးနော်. . .မေမေစောင့်နေမယ်"

တစ်ဦးတည်းသောမောင်. . အရှုပ်ထုတ်. . .ပြသနာခဲ
အစ်မနဲ့အမေအပေါ်ဆိုးတယ်ဆိုပေမဲ့ ရုံးရောက်ဂတ်ရောက်ကတော့ဒါပထမဆုံးပင်။
မေမေဆိုရင် ရဲရင့်ကိုဆုံးမတိုင်း မိုးဦးကနမူနာ...
မိုးဦးနဲ့လဲခင်ရှာပါတယ်။ ခက်တာက လူကြီးတွေပြောလိုက်ရင်အကုန်ခေါင်းညိမ့်ပြီးကွယ်မှ လုပ်ချင်ရာလုပ်တာ။
ခုလဲ. . .ကြည့်... ရဲစခန်းရောက်​နေသတဲ့။

မြင့်မိုရ်မိုးဦးကိုဖုန်းခေါ်မည်လုပ်ပြီးမှ. . .
မဖြစ်ပါဘူး. . .ကိုယ်တိုင်အကူအညီသွားတောင်းမှပါ။

မိုးဦးရှိရာအထပ်ကို မြင့်မိုရ်ဆင်းလာခဲ့တော့သည်။

"ဆရာမိုးဦး... အခန်းထဲမှာရှိလား ညီမတို့"

"ဟုတ်. . .မမ. . .အစည်းအဝေးအတွက်ပြင်ဆင်နေတယ်"

ရုံးမှာအလုပ်ကိုယ်စီနဲ့မို့ မြင့်မိုရ်အောက်ထပ်သိပ်မဆင်းဖြစ်ပါ။ မိုးဦးနှင့်လဲမတွေ့ဖြစ်တာနှစ်ရက်ရှိပြီ။ ရုံးဆင်းလိုက်ပို့မလို့ဆိုရင်ဘယ်သောအခါမှ လက်မခံပါ။ စာရွက်စာတမ်းပို့စရာရှိလျှင်သူ့ကလေးများသာလွှတ်ပြီးပို့တတ်သည်။
သူကတော့. . .လိုအပ်မှသာ မြင့်မိုရ်အခန်းလာတတ်သူ။ ဒါကြောင့် ကိစ္စရှိမှ တွေ့ခွင့်ရတဲ့ မိုးဦးပါ။

ဒီနေ့တော့မိုးဦးနှင့် အစည်းအဝေးလုပ်ရင်တွေ့ရမှာပဲပေါ့။ အိမ်ပြန်လိုက်ပို့ရင်းစကားလေးဘာလေးပြောမလို့ဟာကို ပြသနာခဲကိစ္စကပေါ်လာရတယ်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now