part(32)

6.2K 442 6
                                    

Unicode

ဒီနေ့မိုးဦး အလုပ်ပိတ်ရက်... ဒါကြောင့် တ​စ်နေကုန် သော့် အနားမှမခွာ။ တစ်ချိန်တော့ ခွာပေးရသည်။
ဆရာ စာလာသင်တဲ့အချိန်. . .

သော်တို့ ဆရာတပည့် ဧည့်ခန်းမှာစာသင်နေချိန် မိုးဦး အခန်းထဲမှ နားစွင့်မိနေသည်။ သည်းသော်လေး တကယ်ကို ကြိုးစားနေရှာသည်။ မရှင်းတာချက်ချင်းပြန်မေးသည်။ ဆရာမေးသမျှကို တိတိကျကျပြန်ဖြေသည်။ ညဆိုရင်လဲ သည်းသော်စာလုပ်တာ ညနက်သည်အထိ။ မိုးဦး စကားတစ်ခွန်းကို နှစ်ခါပြောစရာမလိုအောင် ဖြည့်စည်းပေးနိုင်သူလေးပါ။

စာသင်လို့ပြီးတော့ မိုးဦး ဆရာနှင့်စကား ခဏပြောကြသည်။ သော့် အခြေအနေက အောင်ရန် ပူစရာမလိုကြောင်းပြောသည်။ မိုးဦး ဝမ်းသာသည်... ပီတိဖြစ်သည်။ သော့်ကိုလဲ ယုံကြည်ပါသည်။
စာနှင့်ဝေးနေသည်ဆိုပေမဲ့ သော် စိတ်ပါလက်ပါကြိုးစား​နေလို့သာပေါ့။ မဟုတ်ရင် မိုးဦး​ ဘယ်လောက်ဖြစ်စေချင်သည်ဖြစ်စေ. . .ဘာမှဖြစ်လာမည်မဟုတ်။ ခုတော့. . .ကိုယ့်စကားနားထောင်သည့် ချစ်ရသူကြောင့်. . . မိုးဦးပျော်တာ မလွန်ပါ။

"သည်းသော်"

ဆရာပြန်သည်နှင့် လှမ်းခေါ်တော့သည်။

"ကို"

"အရမ်းတော်တာပဲ လာပါအုံး ကို့...နားကို. . .ဆုပေးရအောင်"

"ဟွန့်... .မပေးနဲ့ ရတယ်"

"သော်ရာ... ကောင်းကောင်းခေါ်နေတုန်းလာကွာ"

"ကိုရဲ့. .သော် နားချင်သေးတယ်လေဗျာ"

မိုးဦး နှာကစ်သွားပြီလေ။ သည်းသော်ကလေ... ချီးကျူးလို့မှ မဆုံးသေး... လုပ်လာပြီ။

သော့်အနားပြေးကပ်လိုက်သည်။
ခါးလေးကိုကိုင်ကာ သူ့အနား သော့်ကိုဆွဲကပ်တော့ပါလာသည်။ ရုပ်ကလေးက. . .လူကို အသည်းယား​ေအာင်စနေတာ. . .မိုးဦးအတင်းနမ်းမည်အပြု. . .

"သော် ပြောစရာရှိတယ်. . .ကို"

"မပြောနဲ့. . ."

သော့် နှုတ်ခမ်းအစုံကို ဆွဲစုပ်သည်။
ခပ် ဟ ဟလေးဖြစ်နေသော နှုတ်ခမ်းနှစ်လွှာကို အပေါ် အောက် တစ်လှည့်စီ ဆွဲကာငုံသည်။ နူးညံ့သောအနမ်းများ မဟုတ်သလို အရမ်းကြမ်းတမ်းသည်လဲမဟုတ်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now