part(31)

6.2K 480 10
                                    

Unicode

ရဲရင့် ဒီရက်ပိုင်း မိုးဦး အနားတကပ်ကပ်။ မမပြောထားတဲ့ကိစ္စစုံစမ်းရန်လေ။ တကယ်လဲ ပြောချင်စရာ ထင်ချင်စရာကြီး။ တစ်နေ့ဖုံးဘယ်နှစ်ခါပြောတာလဲမသိ။ ပြောတိုင်းလဲ ပြုံးလို့. . .အသံကနူးညံ့လွန်းလို့ မကြားရပါ။ သေချာသလောက်ရှိနေပါပြီ။

နေ့တိုင်းဂရုစိုက်ကြည့်မိတော့လဲ မမ ပြောတာဟုတ်နေသည်ဟုထင်မိသည်။ ဒီနေ့မထင်မှတ်ဘဲ ကိုမိုးဦးနှင့် ရဲရင့် အပြင်ကိုအတူသွားရသည်။ အလုပ်ကိစ္စ စကားပြောပြီးတော့ ကိုမိုးဦးက toilet ခဏဝင်သည်။ အိတ်ကိုအပြင်မှာ ရဲရင့်နှင့်ထားခဲ့မိသည်။ ထိုအချိန်မှာဖုန်းသံ ကြားလိုက်ရတာ။

ရဲရင့် သူတပါးဖုန်းကို ကိုင်ဖို့မရဲဖြစ်နေသည်။ ကိုမိုးဦးကထွက်မလာသေး။ မကိုင်ပေမဲ့ ကြည့်တော့ကြည့်မိလိုက်သည်။ဖုန်းခေါ်နေသူက. . .သည်းသော် တဲ့။

အဟမ်းးးးးးအဟွတ်. . .အဟွတ်. . .နာမည်မှတ်တာကလဲကွာ။ ငါပါ ရင်တွေခုန်တယ် တကယ်။
ရဲရင့်ကဘာအတွက် ရင်တွေတုန်နေရပါသလဲမသိတော့။
ကိုမိုးဦး ပြန်ထွက်လာသည်။

"အကိုမိုးဦး. . .ခုဏ အကို့ဖုန်းလာနေတယ်. . . ကျွန်တော်မကိုင်လိုက်ဘူး"

"ဟုတ်လား"

ပြောရင်း ကိုမိုးဦးဖုန်းပြန်ခေါ်ဖို့လုပ်သည်။
.
.
.
.

"သည်းသော်". . .

အမလေး. . .ဘုရားနဲ့သိကြား. . .ပါလား။
ရဲရင့်အတွေးများ မေှာင်မိုက်ပြာဝေသွားတော့သည်။
ဒီတိုင်းခေါ်ချလိုက်တာပါလား။ ငါ့ထက်သတ္တိရှိသည်။
မမပြောသလိုပါပဲ။ သူ့ဘဝ. . .သူ့ကမ္ဘာ... ပိုင်စိုးသူ. . . ပတ်ဝန်းကျင်ကိုမေ့နေတာ. . .မေ့နေတာ. . .
သေချာပြီဆိုရင်တော့ ငါ့ကောင်ကိုငါမေးမှဖြစ်တော့မယ်။

ခဏနေတော့ ကိုမိုးဦး ဖုန်းပြောပြီးသွားသည်။

"သော် ဆက်တာ ရဲရင့်ရေ. . .အပြင်ခဏသွားချင်လို့တဲ့"

". . . . . . . . ."

ဆွံ့အသွားတာပေါ့. . .ဒီကောင်က. . .

အော်. . .အတော်ဖြစ်နေကြတာပါလား။ အပြင်သွားတာလှမ်းပြီးဖုန်းဆက်ရသည်တဲ့။ ခွင့်​တောင်းရသည်တဲ့။ ငါ့ချစ်သူတောင် ငါ့မှာ အဲ့လိုမထားနိုင်သေး။ သူတို့ ro ချက်ကြီးက ကိုယ်တောင်ငေးနေရပါသည်။
အားငယ်လိုက်တာကွာ။
နိုးနိုးရေ. . .ကိုကိုမင်းကို ခုထက်ပိုချစ်ဖို့လိုပြီထင်တယ်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now