part(8)

8.1K 621 29
                                    

ဒီကကိစ္စတွေကိုအမြန်ဆုံးဖြတ်ရသည်။
အများကြီး. . .ပြောချင်တာတွေအများကြီး. . .မေးချင်တာတွေအများကြီး. . .အများကြီး. . .
သတိရတာ လွမ်းတာကတော့မေးမနေပါနဲ့တော့။
ဘဝအဆက်ဆက်လွမ်းခဲ့ရသူလို. . .လွမ်းပြီးရင်းလွမ်း.
သတိရပြီးရင်းရ. . .အလုပ်ထဲခေါင်းနှစ်ထားရတာသာကြည့်ပါတော့။

ရောက်လေရာနေရာ သော့်အရွယ်များတွေ့ရင်အလိုလိုကြည့်မိပြီးသားဖြစ်ခဲ့ရတဲ့ မိုးဦး။
အလုပ်သွားအလုပ်ပြန် ကားနှင့်သွားလာရင်ရပါရက်နဲ့ လိုင်းကားတိုးစီး. . .အမှတ်မထင်များပြန်တွေ့လေမလားပေါ့။ ဘယ်ဆီထွက်သွားမှန်းမသိခဲ့ရလေတော့. . .ခရီးထွက်တိုင်းကြည့်. . .ရောက်လေရာနေရာ သော်ရှိနိုင်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့သာ မိုးဦး အသက်ရှ်ခဲ့ရပါသည်။

တွေ့မည့်တွေ့တော့ ရဲစခန်းမှာ. . .

ရန်ဖြစ်ထားတဲ့မျက်နှာမှာဒဏ်ရာတွေနဲ့. . .လူပုံကလဲရုတ်တရက်မမှတ်မိချင်စရာ. . .ပိန်သွားပြီးအသားကငယ်ငယ်ကလိုဝါနှစ်နှစ်မဟုတ်တော့ နေလောင်သလိုဝါညစ်ညစ်နှင့်. . .အရင်ကဖောင်းအိနေတဲ့ပါးလေးက ပြားကပ်နေပြီ။ ရင်ထဲမှာ မကောင်းလိုက်တာ သော်ရယ်။

သော် ကောင်းကောင်းမွန်မွန်ရောနေခဲ့ရရဲ့လား?????
ဘယ်နေရာမှာဘာတွေလုပ်နေလို့ ဒီလိုပုံစံလဲ?????
ရှာလိုက်ရတာ သော်ရယ်။
လူစိမ်းဆိုကြောက်တတ်သူ. . .စိတ်အားငယ်တတ်သူ. .
အရွယ်နှင့်မမျှ မေတ္တာငတ်ခဲ့သူ. . .မကြည်ဖြူသူတွေကြားထဲဝမ်းနည်းတာတောင်ထုတ်မပြရဲဘဲနေတတ်သူ။

သော့်ဆီကိုကိုကိုကြီးပြန်လာတယ်လေ။
အဖွားကဆုံးသွားပြီးသော်ကပျောက်သွားသတဲ့။
ဘယ်လိုဖြစ်တာလဲ သော်ရယ်. . .
ကိုကိုကြီးဆီကိုလာခဲ့ပါတော့လား. . .
ကိုကိုကြီးကိုအားကိုးတာဆို. . .ဘာလို့များ. . .အဝေးကြီးပြေးရတာလဲ. . .သော်ဘယ်လိုဒုက္ခတွေရှိရှိအတူတူ ဖြေရှင်းပေးမဲ့ ကိုကိုကြီးရှိရက်နဲ့ကွာ။
သော့်ကိုကြည့်ပြီး မိုးဦး ရင်ထဲမှာမေးခွန်းပေါင်းများစွာ။

.
.
.

တကယ်တော့. . .မိုးဦးနောက်ကျခဲ့တာပါ။

မိုးဦးစာမေးပွဲဖြေပြီးပြီးချင်း. . .ကံဆိုးမိုးမှောင်ကျတဲ့သတင်းကစောင့်ကြိုလျက်ရှိခဲ့သည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now