part(36)

5.5K 385 8
                                    

Unicode

သော်က စာမေးပွဲနီးပြီဆိုတော့ အချိန်ပြည့်နီးပါးပါပဲ...စာလုပ်နေသည်။
အိမ်အလုပ်လဲ မလစ်ဟင်းစေရ​အောင် ကြိုးစားပြီးလုပ်ပေးရှာတယ်။ အဓိကကတော့ ကိုမိုးဦးကြည်သာရဲ့ကိစ္စအဝဝပေါ့လေ။

မိုးဦးအလုပ်သွားချိန်ဆို အိမ်ထဲက အိမ်ပြင်မထွက်တော့။ ဆရာကလဲ စာမေးပွဲနီးတော့ ပိုအားစိုက်ပေးပါတယ်။ သော်က တကယ်ကို အချစ်ခံလေးပါ။
အောက်ထပ်က အန်တီလဲ သော့်အတွက် မကြာ မကြာ ဟင်းချက်ပေးသည်။ မိုးဦးတို့အတွက် ဟင်းကိုပိုချက်ပေးထားတတ်သည်။ သော် သက်သာအောင်ပေါ့​လေ။

မြင့်မိုရ်ဆို သော့်အတွက်ဆိုပြီး Brand. ကြက်ပေါင်းရည်ကော ငှက်သိုက်ရော ပါကင်လိုက် ကိုယ်တိုင်လာပို့သည်။

မိုးဦးကတော့ သော့်ကို ဝိုင်းဂရုစိုက်လေ... သဘောကျလေပါပဲ။ မိုးဦးချစ်တာမလွန်ဘူးလေ။ သော်ဟာ စိတ်ထားနူးညံ့ပြီး ကြင်နာတတ်သူမှန်း လူတိုင်းသိကြပါတယ်။ ပြီးတော့ သော်လေးဟာ မိဘနဲတူတူမနေခဲ့ရတဲ့ကလေးပီပီ မျက်နှာရိပ်မျက်နှာကဲ သိပ်သိပါတယ်။ အခုလိုအရွယ်ရောက်လာတော့ ပိုပြီးသိတတ်လာတာပဲပေါ့။

သော့် ဆရာဆိုလဲ မိုးဦးပြန်လာတဲ့အထိစောင့်ပြီး သော့်စာမေးပွဲအတွက်ပူစရာမလိုကြောင်း....စာ လုပ်တာ တော်ရုံဆိုရပြီဖြစ်ကြောင်းပြောဖို့စောင့်တတ်သည်။

သော်က စာလုပ်ရင်နားခိုင်းလို့မရတော့။ သော့်အတွေးမှာက....ဒီတစ်နှစ်မှာလွတ်လွတ်ကျွတ်ကျွတ်အောင်မြင်ချင်နေတာ။ စာနဲ့ဝေးနေခဲ့သူဆိုတော့ စာမေးပွဲကိုကြောက်နေတာ။
အဆိုးဆုံးကတော့ မိုးဦးဖြစ်စေချင်လွန်းတဲ့ ပညာတတ်ဖြစ်ကိုဖြစ်မှရမှာ....ဒီအတွေးကြောင့် ဘယ်လိုဖြစ်ဖြစ် သော်ကတော့ စာကို ကြိုးစားလုပ်မြဲပါ။

တစ်ခါတစ်ရံ မိုးဦး တရေးနိုးလာတဲ့အထိ သော် မအိပ်သေး။ ဘေးမှာ စာလုပ်နေတတ်သည်။ မိုးဦးက ချော့ပြီး အိပ်ခိုင်းရသည်။
နောက်ကျပြီး အိပ်ယာဝင်ပေမဲ့ ဘယ်ချိန်ထပြင်ဆင်သည်မသိ... မိုးဦးအိပ်ယာနိုးရင် အားလုံးပြင်ဆင်ပေးပြီးသား အဆင်သင့်​​ဖြစ်​နေတတ်​​သေးတာ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now