part(52)

4.5K 337 14
                                    

Unicode

"အေးချမ်းရေ...မင်းတို့ဒီနေ့တော့ အခင်းထဲမလိုက်ကြနဲ့....ဦးလေးကတော့ သွားမှရမယ်... ညနေစောစောပြန်ခဲ့မယ်.... ပူတူးခေါ်ပြီးလျှောက်သာကြည့်ကွာ... မင်းလဲ လမ်းတွေသိနေတာပဲ"

"ဟုတ်ကဲ့...ဦးလေး"

ဦးလေးသန်းလဲအခင်းထဲသွား.....မိုးဥွီး သော်နဲ့ ပူတူးလဲ ရွာထဲ လမ်းလျှောက်ထွက်ခဲ့တော့သည်။

"ထမင်းစားအမှီပြန်လာကြနော်...အေးချမ်းတို့"

ဒေါ်စောနု လှမ်းအော်ပြောသည်။

"ဟုတ်ကဲ့ပါ"

လမ်းလျှောက်တော့လဲ ပူတူးက သော့်လက်ကိုဆွဲလို့။
မိုးဦး သော့်ဘေးမှာ လျှောက်ခွင့်မရ။ ကျေးဇူးရှင်ပူတူးက သော့်လက်ကိုဆွဲပြီးရှေ့မှာ ကော့ပက် ကော့ပက်နှင့် လျှောက်နေသည်။
မိုးဦးမှာ သော့်ကို စကားပြောချင်တာမပြောရ။ တိုင်ပင်ချင်တာ မတိုင်ပင်ရ။ လက်ကလေးတောင် ကိုင်လို့မရ။
ဒီပူတူး... လူကသာ လူမမယ်....ကပ်နေတာကြည့်အုံး... လက်သာတဲ့လူဆီ ပြေးကပ်နေတာ။

ရှေ့ကလျှောက်နေတဲ့ ပူတူးကိုကြည့်ရင်း မိုးဦး အူပွလာတော့သည်။
ဟွန်း.....သည်းသော်လဲလေ....ပူတူးမေးသမျှဖြေနေရတာနဲ့ ကိုယ့်ယောကျားကို ပလစ်ထားတာ။
ည ရောက်မှတွေ့မည်။
ပညာကောင်းကောင်းပေးရမည်။

ရွာလယ်လမ်းအတိုင်းလျှောက်လာကြရင်း..တွေ့သမျှလူကိုလဲနှုတ်ဆက်ရသည်။ မိုးဦးတော့မဟုတ်...ပူတူးနှင့် သော်ပဲမအားရ​အောင်နှုတ်ဆက်နေတာ ။ သော်က ဒီရွာနဲ့တကယ် ရင်းနှီးနေသည်ပဲ။ လမ်းမှာ လူဆယ်ယောက်တွေ့ရင် သုံးယောက်လောက်က သော်နဲ့သိသည်။ တစ်ချို့ဆို အိမ်ရှေ့ရပ်နှုတ်ဆက်ရသေးသည်။
ဒါကြောင့် လက်ဆောင်ကို ဒီလောက်များများဝယ်ခဲ့တာပေါ့....ကိုရွှေသည်းသော်က....

ရွာက ရွာကြီးဖြစ်သည်။ အိမ်ခြေလဲမနည်း။ အိမ်တွေလဲ အားလုံးလိုလိုခိုင်ခိုင်ခန့်ခန့်တွေ များသည်။
စီးပွားရေးကောင်းသည့်ရွာဖြစ်ပုံရသည်။

အရင်က...မိုးဦးက ဦးလေးသန်းတို့ကို ရွာလို့မထင်။ နယ်မြို့လို့ထင်ခဲ့တာ။ ရောက်လာတော့မှ....မြို့ကနေ....သုံးမိုင်လောက်ဆက်သွားရသည့်ရွာဖြစ်နေသည်။
ကတ္တရာလမ်းမရှိလို့သာရွာဖြစ်ရတာ။ရုံးတွေ ဆေးရုံတွေ ကျောင်းတွေမရှိလို့သာ ရွာ။ တကယ်တမ်း မြို့နဲ့က ကပ်နေတာ။ လိုတာရှိရင် မြို့ကို ချက်ချင်းတက်သွားရုံသာ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now