part(24)

7.2K 533 15
                                    

Unicode

မိုးဦး အိပ်ယာနိုးတော့. . .သူ့ဘေးမှာ. . .သော်ကငုတ်တုတ်လေး ထိုင်နေရှာသည်။ အရင်နေ့တွေဆို ဒီချိန် သော်မီးဖိုခန်းထဲမှာ မိုးဦးအတွက်မနက်စာပြင်ဆင်နေတတ်တာ။

မိုးဦး. . .ချက်ချင်း ထ ထိုင်သည်။

"သော်. . .ကို့အသက်. . ဘယ်လိုဖြစ်လို့လဲဟင်"

"သော်. . .သော်. . .နာလို့. . ကို. . ."

ပြောရင်းဝိုင်းတက်လာတဲ့မျက်ရည်တွေ။
သော်ဟာ တော်တန်ရုံလောက်ကို ဒီလိုမချွဲတတ်ပါ။ အဆင်မပြေလွန်းလို့သာ မျက်နှာပျက်ပြီး မိုးဦးကိုပြောခြင်....ရုတ်တရက် မိုးဦး သော် ဆိုလိုတာကိုချက်ချင်းသဘောမပေါက်... ဘယ်နား နာတာလဲပေါ့.. အား...လား..လား... သိပြီ...
ညက. . . ညက. . . ချစ်မိတာကိုး။

"မထနိုင်ဘူးလား သော်. . .ကို ချီမယ်လေ"

ချီမယ်သာဆိုတယ် ချီနိုင်ပါ့တော့မလား။
သော့်က မိုးဦးအပြုအစုအောက်မှာ ခုတလော ဖောင်းကစ်ကစ်လေး ​​​ဖြစ်လာပြီ။ အိမ်ထဲကအိမ်ပြင်သိပ်မထွက်တာမို့ အသား​လေးတွေများ ဝင်းအိနေတော့တာ။

"သော်လေး ဘာမှ မလုပ်နဲ့ နားနေနော်. . .ကိုက အလုပ်သွားမှဖြစ်မှာ. . ကို ဘာလုပ်ပေးရမလဲကွာ. . သော်ရေ.. ဒုက္ခပဲ. .နာနေပြီ ကို့သော်လေး"

ခြေမကိုင်မိ လက်မကိုင်မိနှင့်.... အခုမှ ပျာလောင်ခတ်တော့သည်။
.
.
.

သော် အပိုချွဲနေတာမဟုတ်။ တကယ် နာတာ။
မိုးလင်းမှ လှုပ်တာနှင့်နာတော့တာ။ လမ်းလျှောက်လိုက်တိုင်း ခါးရိုးတစ်လျှောက်တစစ်စစ်နှင့်။ ဒါကြောင့် ဘာမှ မလုပ်နိုင်ဘဲ ကို နိုးလာတာကို ထိုင်စောင့်နေရတာ။
တော်ပြီ။ နောက်တစ်ခါ ခွင့်မပြုတော့ဘူး။
ရိုးရိုးပဲချစ်ပေတော့. . .ဦးမိုးဦးကြည်သာ။
ယောကျားပဲ ခံနိုင်ရည်ရှိမယ်ထင်တာ... လုံးဝ အဆင်မပြေ။
ဒါ...ဘယ်လိုနာကျင်မှုမျိုးပါလိမ့်။
ဒါနဲ့ပဲ. . .နေ့တိုင်း မိုးဦးကို သော်လုပ်ပေးနေကြအလုပ်တွေ . . .သော့်ကို မိုးဦးက ပြန်လုပ်ပေးရပြန်သည်။

သော် မလုပ်ပေးနိုင်သည့်အချိန်ရောက်မှ. . .သော် မိုးဦးကိုဘယ်လောက်ကျိုးနွံစွာအသေးစိတ်ဂရုစိုက်လဲ ပိုသိရသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now