part(51)

4.9K 364 10
                                    

Unicode

သော်တို့ မျက်နှာသစ်ပြီး အိမ်ရှေ့ဆီထွက်ခဲ့တော့...ဦးလေးသန်းတို့အားလုံးစောင့်နေကြသည်။

"အေးချမ်းရေ....ထိုင်....မိုးဦးလဲထိုင်.... ကောက်ညှင်းပေါင်းပူပူလေး အကြော်နဲ့စားရအောင်"

"ဟုတ်.... ဦးလေးသန်း"

သော်တို့ပြောရင်း ဝင်ထိုင်လိုက်တာနဲ့....
သော့်ဘေးကို အပြေးကပ်လာတဲ့ ပူတူး...

"ဟယ်...ပူတူးရယ်...ကိုကြီးအေးချမ်း... စားပါစေ.... နင် ဘယ်လိုဖြစ်နေလဲ...လာ...ဒီကို"

သူ့အမေက ပြန်ခေါ်လဲ ပူတူးကလှည့်မကြည့်တော့။
သော့်အနားအတင်းကပ်ထိုင်တော့သည်။

"အေးချမ်းရေ....ပူတူးက မင်းကို အတော်ခင်တာပါကွာ... မင်းတို့အိပ်နေပါတယ်ပြောတာမရဘူး.....နိုးပြီလားမသိဘူးဆိုပြီး.... ခဏတိုင်းကြည့်နေတော့တာ... ပြောလို့ကိုမရဘူး"

"ဟုတ်တယ်...ဦးလေးသန်း...ကျွန်တော့ကို မှတ်မိတယ်တဲ့... မတွေ့တာဒီလောက်ကြာနေပြီကို"

"အလကား.....အေးချမ်းရေ...တို့က အေးချမ်းအကြောင်းခဏ ခဏ ပြောလို့ သူနာမည်ရင်းနှီးနေတာ.. သူတကယ်မှတ်မိတာမဟုတ်ဘူး"

ပူတူးအမေက ဝင်ပြောသည်။
ဘယ်သူဘာပြောပြော ပူတူးက လှည့်မကြည့်ပါ။
သော် ကောက်ညှင်းပေါင်းစားဖို့ ပန်းကန်ကို အနီးဆုံးရွှေ့ပေးသည်။

"ဦးလေးသန်းတို့ရော....တူတူစားရအောင်"

"စားပြီးပါပြီကွာ ..အခင်းထဲမသွားဘဲ....မင်းတို့​ကိုစောင့်နေတာ"

"ဟာ...အားနာစရာကြီး....အလုပ်ရှိတာသွားလို့ရပါတယ်....ကျွန်တော်တို့ကို တကူးတက ဧည့်သည်လိုမလုပ်နေပါနဲ့"

သော် အားနာစွာပြောသည်။

"ရောက်စမို့ပါကွာ..မိုးဦးလဲပါလာတော့....ဂရုစိုက်ရတာပေါ့....မင်းကရောက်ဖူးပေမဲ့ မိုးဦးက... စိမ်းနေမှာလေ"

"အားနာစရာကြီး...အလုပ်တွေပျက်ကုန်ပြီ...အခင်းထဲသွားရင် လိုက်ကူမှပဲ"

"ဒီနေ့တော့ နားကွာ...နောက်နေ့မှ လိုက်ကြပေါ့"

"နားပြီးပါပြီ ဒီနေ့လိုက်ခဲ့မယ်... ဦးလေးသန်း"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now