part(30)

6.6K 481 6
                                    

Unicode

မြင့်မိုရ် မျက်ရည်ကျသည်။
သူ့မောင်လေးဟာ တကယ်တော့ မပျက်စီးသင့်ဘဲ ပျက်စီးရတော့မလို့။ မြင့်မိုရ် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရသည်။ ငယ်ငယ်ကတည်းက မြင့်မိုရ်က တော်လဲတော် သွက်လဲသွက်ဆိုတော့ အရေးပေးခံရသည်။ ရဲရင့်က သူကြီးပြင်းတဲ့အချိန်အဖေက မရှိတော့. . .အမေက ကုမ္ပဏီဦးစီးနေရ. . .မြင့်မိုရ်က စာမှစာ.  .. သူ့ခမျာလွတ်နေရှာတာ။ မြင့်မိုရ် မောင်ငယ်အတွက်စိတ်မကောင်းဖြစ်လို့ ငိုတာ။

ရဲရင့်က ဿဿဒါကြောင့်အေးချမ်းသော်ကို အရေးပေးတာ။ အေးချမ်းသော်ကိုထိရင်မရတာ။ မေမေပြောလို့တောင်မရ။
မြင့်မိုရ်အကြောင်းစုံသိရမှ အေးချမ်းသော်ကို ကျေးဇူးအထပ်ထပ်တင်မိသည်။ တကယ်ဆို သူကအနေသာကြီး. . .သူ့အန္တရာယ်တောင်မမှုဘဲ ရဲရင့်ကို ကယ်တင်ပေးခဲ့တာ။

မိုးဦး သဲသဲလှုပ်တာလဲ မပြောနှင့်။
ရဲရင့်ကလဲ သဲသဲလှုပ်တာပင်။
မြင့်မိုရ်လဲ ခုတော့ အေးချမ်းသော်ကို အလွန်ကျေးဇူးတင်မိရသည်။

"မမ"

"အင်း"

"ပြောစရာရှိသေးတယ်"

"ဘာလဲ"

"ကျွန်တော် မမကို ကျွန်တော့်ကောင်မလေးအကြောင်းပြောပြချင်လို့"

"ဟုတ်လား. . .အတည်ပေါ့"

"အတည်ပေါ့ဗျ. . .ကျွန်တော် လက်ထပ်မဲ့သူပဲ"

"သေချာတယ်ဆိုပြော. . .မိတ်ဆက်ပေးလေ"

"အင်း. . .မြတ်နိုးပဲမမ"

မြင့်မိုရ် ရဲရင့်ကိုကြည့်ပြီး. . .

"မြတ်နိုး. . .လား. . .ဘယ်တုန်းက ဘယ်လို. . .မြန်လိုက်တာဟယ်"

"မမြန်ပါဘူး မမရယ်. . .တစ်နှစ်ကျော်ပါတယ်. .ဘယ်လိုလဲ မမ. . ."

"မြတ်နိုးက တော်ပါတယ်. . .မမသဘောကျပါတယ်. .နင့်ဘက်က သေချာပါတယ်နော်. . .နောက်မှ ပေါက်ကရလုပ်ရင်တော့ မျက်နှာပျက်ရလိမ့်မယ်. .အဲ့လိုတော့ မမ မဖြစ်ချင်ဘူး. . .တော်ကြာ မြင့်မိုရ်မောင် က ဝန်ထမ်းတွေကို ဘာ. . .ညာ.. မကြားချင်ဘူး"

"မမတို့ကလဲနော်. . .ကျွန်တော့်ကိုမယုံဘူးဆိုတာချည်းပဲ.. မြတ်နိုးလဲ ဒီစကားပဲပြောတယ်. . .ကျွန်တော် မိန်းမရှုပ်တာမြင်ဖူးလို့လား"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now