part(40)

5.5K 399 11
                                    

Unicode

ထိုအချိန်မှာပဲ ဆိုင်ကိုပြန်ရောက်လာတဲ့ ကိုဝင်းနိုင်ထွန်း

အားလုံးကို သူ​ပြုံးရင်းနှုတ်ဆက်သည်။

"စောင့်နေကြတာလား....မန်နေဂျာက ဟိုနေ့ကထိရှိသေးတယ်....ခု ခွင့်ယူသွားတယ်တဲ့ကွ....မတွေ့ခဲ့ရဘူး"

"အဲ့တော့ ဘယ်လိုလုပ်မလဲ...ကျွန်တော်ကတော့ အဲ့ကောင်တွေရှိမဲ့နေရာစုံစမ်းပြီး ရှင်းလိုက်ချင်တယ်"

ရဲရင့်ပြောသည်။

"နေပါအုံး...ရဲရင့်....သူတို့ အေးချမ်းသော်ကို ပြောသွားတာက....ရှင်းမယ်ရယ်....မကျေနပ်ဘူးရယ်...ဒါပဲလေ....ရမ်းပြီးဝင်လို့ကအဆင်မပြေဘူး...သူတို့ထင်တာဘာလဲ ကိုယ်တို့မှ သေချာမသိသေးတာ"

မိုးဦး တွေးမိတာ ပြောပြသည်။

"ဟုတ်တယ် ရဲရင့်...မကျေနပ်တာတော့အမှန်ပဲ..ပြီးတော့ အဲ့နေ့က တစ်ကောင်ထဲကွ...ခုကဘယ်နှစ်ကောင်ရှိမှနိးမသိဘူးလေ...သူတို့စားကျက်လဲပြောင်းနေလောက်ပါပြီ "

သော့်အသံလေး.....ထွက်လာသည်။
မိုးဦးကို ကြည့်လိုက် ကြည့်လိုက်နဲ့ပြောနေတာ။
မိုးဦးက သော့်စကားကို ထောက်ခံပြီးခေါင်းညိမ့်သည်။

"ဒါဆို.....ဒီလိုလုပ်ရင်ရော....."

ကိုဝင်းနိုင်ထွန်းကို အားလုံး ကြည့်လိုက်မိကြသည်။

"ဒီ ကလပ်ကိုတော့... လာတတ်တယ်တဲ့....ဒီည တွေ့လိုတွေ့ငြါးစောင့်လိုက်ကြမလား"

"ဟုတ်တယ်...စောင့်လိုက်မယ်"

မိုးဦးအဖြေ.....

သော်ကတော့ ကို့ ဆုံးဖြတ်ချက်အတိုင်းသာ။
ရဲရင့်နှင့်နန္ဒလဲ သဘောတူသည်ကြောင့်.....ခဏစောင့်လိုက်ကြသည်။
ဒီည တော့ ဘယ်လောက်ဉဉ့်နက်ပါစေ။ စောင့်ဖို့ပင်။
.
.
.
ခဏနေတော့....မိုးဦး သူငယ်ချင်းတစ်ယောက်ကို ဖုံးက်ခေါ်ရမည်ဟု တွေးမိသည်။
ဆယ်တန်းဘော်ဒါတက်စဥ်က တစ်ခန်းထဲ အတူနေခဲ့သည့် သူငယ်ချင်းပါ။ သူက SB မှာအတော်လေးအပွင့်ကြီးနေပြီ။ တော်ရုံဆို အကူအညီမတောင်းတတ်ပေမဲ့...ခုက... သော့်ကိစ္စ....ပြီးရင် မြန်မြနိပြီးပြတ်ချင်သည်။
သူငယ်ချင်းဆီဖုံးပြောစရာရှိသည်ဟုဆိုကာ...မိုးဦး..အပြင်ထွက်ခဲ့သည်။
သော်က မော့်ကြည့်နေတော့.....

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now