part(17)

7K 623 16
                                    

Unicode

ဒီလိုနဲ့. . .ကိုယ်စီကိုယ်စီအလုပ်လုပ်နေကြရတာ. . .သေချာစကားမပြောဖြစ်ကြသေး။
နှစ်ပတ်ရှိပြီ... အတူနေနေတာ။ သူရုံးသွားချိန်ဆိုကိုယ်က နား.... သူနားချိန်ဆို ကိုယ်အလုပ်သွား။

မိုးလင်းခါနီးမှပြန်လာတဲ့ သော်က အပြင်ဧည့်ခန်းမှာခဏနားသည်။ ပြီးလျှင်တော့မနက်စာ သူမနိုးခင်ပြင်ဆင်နေလိုက်သည်။ သူနိုးလာရင် စားရုံပဲအသင့်။ သော့်ကိုမလုပ်ခိုင်းထားပေမဲ့. . .ဒီလိုချည်းပဲမနေချင်။
သူမနက်စာ စားပြီးရုံးသွားမှ. . .သော်. . .နား သည်။
နေ့လည်စာကိုနိုးသည့်အချိန် ထ ပြင်သည်။ တပါတည်း သူ့အတွက် ညနေစာပါ ပိုချက်လိုက်သည်။ ရေခဲသေတ္တာထဲတွင် ချက်စရာအမြဲအဆင်သင့်ထည့်ထားပေးသည်ကြောင့် အဆင်ပြေသည်။
သော်က ညစာကိုဆိုင်ကို​ရောက်မှပဲစားသည်။

သူကလိုတာမှန်သမျှပြောစရာမလို။ သူ့စိတ်ကူးနှင့်သူအကုန်လုပ်ပေးပြီးသားပင်။ အဝတ်အစားလဲဘယ်ချိန်ဝယ်သည်တော့မသိ။တပုံကြီးအသစ်တွေဝယ်ထားပေးသည်။ ဘောင်းဘီခါးဆိုဒ်ကအစ အတိအကျ။
မိုးဦးကြည်သာ ပီသပါပေ့။

ရုံးသွားကာနီး နှုတ်ဆက်စကားအပြင် အထွေအထူးသိပ်မပြောတော့။
သူကမှ ဘာမှမလုပ်တော့ ကိုယ်ကလဲပြသနာမရှာနိုင်သေး။ အလုပ်ကလဲရှိသေးသည်လေ။

ဒါ မုန်တိုင်းမတိုက်ခင်အချိန်လေးဆိုပါတော့. . .
.
.
.
.
.

မိုးဦးသော့်ကိုအလုပ်ထွက်စေချင်သည်။
ဒီတိုင်းပြောဖို့ကလဲ အဆင်မပြေ. . .လက်ခံမှာမဟုတ်။
မိုးဦး သော့်ကို စိတ်မချပါ။ ဟိုတစ်ခါဆိုင်မှာတွေ့ခဲ့တဲ့ကလေးမနှင့် ကြုံကြိုက်ပြီး Juction City မှာပြန်တွေ့ကြသေးသည်။ အေးချမ်း အေးချမ်းနှင့်ပါးစပ်ဖျားကမချ။ ပြောချင်ရာပြောပြီး.  .. အေးချမ်းသော်ကိုသူ့အပိုင်လုပ်သွားသည်။ မသိရင် သူနဲ့ချစ်သူလိုလို ဘာလိုလို။
ကိုယ်က ဖက် ပြိုင် မပြောနိုင်တော့ သူပြောသမျှနဲ့သာ။
စိတ်ကတော့ မချတော့ဘူး။

ဒီထက်ပိုအရေးကြီးတာက. . .သော် ကျောင်းဆက်တက်မှဖြစ်မည်။ ရဲရင့်က သော့် ပညာအရည်အချင်းကိုအတိအကျမသိ။ သူလဲ သော့်ကို မေးလို့မဖြစ်။
သူထင်တာမမှားရင်သော်ဆယ်တန်းမအောင်သေး။
ဒါကြောင့်ကြမ်းတမ်းတဲ့အလုပ်ပဲ လုပ်နေရရှာတာ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now