part(46)

5.6K 375 24
                                    


♥♥warning ♥♥အသက်မပြည့်ပါက ဖတ်ရှုရန်မသင့်တော်ပါ။ ဤ အရေးအသားများအတွက် နားလည်မှု ပေးပါ။ ဒီအပိုင်းကိုလဲ SS မရိုက်ဖို့ တောင်းပန်ပါတယ်ရှင့်။

.
.
.

Unicode

ခဏနားပြီး....သော် ရေချိုးဖို့လုပ်တော့....

"သော်...ကို့ကို ရေးချိုးမပေးတာ ကြာပြီ...ရေချိုးပေး"

သော့်နောက်တကောက်ကောက်လိုက်ရင်းပြောသည်။

"ချိုးပေးမယ်....လာ"

ချိုးပေးမယ်ဆိုတော့အနားသာကပ်လာတာ...အဝတ်ကမချွတ်သေးဘူး။
သော် အင်္ကျီတွေပုဆိုးတွေချွတ်ပေးတာနဲ့ လူကိုအတင်းဆွဲကာ ဖက်တော့သည်။
ဒီကလဲ...သူ့အကွက်တွေသိပါ့...ရိုးနေပြီ။

"တူတူမချိုးဘူး....ဖယ်အုံး.....ဖယ်အုံး....ဖယ်ပါအုံးလို့"

တစ်စက်မှအငြိမ်မနေ......ခုကတည်းက ရင်ကတုန်နေပြီ။ မနည်းရှောင်နေရသည်။

အင်းဟယ်......အင်းဟယ်......ဒီလောက်မ​ငြိမ်တာ....

သော် ရေတွေခေါင်းကနေလောင်းချတော့မှ...ငြိမ်သည်။ခဏပါပဲ.....ရေတွေခါထုတ်သည်။ သော့်ကို ရေမစို စိုအောင် အမျိုးမျိုးစနေတော့သည်။
သော့်မှာ အဝတ်မချွတ်ရသေး။ချွတ်လို့လဲမဖြစ်သေး။ ရေချိုးခန်းထဲမှာတော့ အစ မခံနိုင်။

"ကိုရေ..ရပြီ....ရပြီ....ထွက်တော့"

ခါးမှာပဝါပတ်ပေးရင်း နောက်ကျောကနေတွန်းလွှတ်ရသည်။ ပေကပ်ကပ်နဲ့မထွက်သေး။

"ကို...သော်လဲရေတွေစိုကုန်ပြီ....ရေချိုးပြီးလာခဲ့မယ်...သွားနှင့်...လိမ္မာတယ် ကိုက...ရေသုတ်ထားနော်...ခေါင်းလဲသုတ်ထား...သွား...သွား"

"သော် လုပ်ပေးလေဗျာ..."

"ကိုရယ်....လိမ္မာပါတယ်ဆို....လာမယ်...ခုလာခဲ့မယ်...ခဏပဲ...မြန်တယ်..."

စူပွပွနဲ့ကြည့်နေသေးသည်။
ကို့ ပုခုံးစွန်းနမ်းရင်း စိတ်ကျေနပ်အောင် ခေါင်းကိုသုတ်ပေးနေတော့.....
သော့်အင်္ကျီတွေချွတ်ပြီး... ရင်ဘတ်ကိုပွတ်သတ်နေသည်။
ခက်တော့တာပဲ ချော့လဲမရ...ခြောက်ရင်သူကပြန်စိတ်ဆိုးသေးသည်။
ငါတော့ဒီည ထွက်များပြေးရမလားပဲ။
ဘယ်လို အဆိုးအဆာပါလိမ့်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now