part(34)

6K 386 10
                                    

မြန်မာပြည်ရဲ့အသည်းနှလုံး. . .ဗုဒ္ဓဘါသာဝင်တို့အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ညချမ်းတွင် ပို၍သပ္ပါယ်စွာဖူးတွေ့ရသည်။
ရွှေရောင်ဝင်းအိနေသောမြတ်ဘုရားရွှေတိဂုံကုန်းတော်ပေါ်တွင် ပိတ်ရက်ဖြစ်၍ ဘုရားဖူးလာသူများစည်ကားလှသည်။
လေနုအေးကဘုရားရင်ပြင်တော်ပေါ်တွင် အေးမြမှုနှင့် ပြီးပြည့်စုံစေသည်။

မိုးဦးနှင့်သော် ​ကားရပ်နားရာနေရာတွင်ရပ်ခဲ့ပြီး. . .ဘုရားပေါ်တက်ခဲ့ကြသည်။

"ဓာတ်လှေကားနဲ့ တက်မလား သော်"

"ဟင့်အင်း လမ်းလျှောက်ပြီးတက်မယ်လေ"
မိုးဦးဖိနပ်လေးရောသူ့ဖိနပ်လေးပါကောက်ကိုင်ကာ ပြန်ပြောသည်။

မိုးဦးတို့နှစ်ယောက် ဘုရားကို ခြေလျင်တက်ခဲ့ကြသည်။
ဘုရားပေါ်ရောက်သည်နှင့် အေးချမ်းမှု ငြိမ်းချမ်းမှု အေးမြမှု သာယာမှုနှင့်ပြည့်စုံသည်ကြောင့် ရင်ထဲ အေးမြရသည်။

မိုးဦးရဲ့နေ့နံဒေါင့်မှာ သော် က ဘုရားရှိခိုးသည်။
ဘုရားရေသပ္ပါယ်သည်။
မိုးဦး သော်နှင့်အတူတူ ဘုရားရှိခိုးသည်။

ဘုရားတစ်ပတ် ပတ်ကာပူဇော်သည်။

အင်းးးးလက်ကလေးကိုင်ရင်ကောင်းမလား?
ဘုရားပေါ်မှာ. . .မကိုင်တော့ပါဘူးလေ....
ပုခုံးလေးရော ဖက်လို့ရလား?
ဟယ်....မဟုတ်သေးပါဘူးလေ....

မိုးဦးအတွေးတွေများနေတာကြောင့် သော်နှင့်ခပ်ခွာခွာ ဖြစ်လာသည်။

သော်ကတော့ ပုံမှန်ပင်။ ဘုရားပေါ်မော့်ဖူးလိုက်... တတွတ်တွတ်ရွတ်လိုက်....ဖြေးဖြေးချင်းလမ်းလျှောက်လျက်သာ။

ဘုရားပေါ်မှာတော့ အကျီအဖြူ ပုဆိုးဆင်တူနှင့် မိုးဦးတို့နှစ်ယောက်ကို လူတွေကြည့်ကြသည်။

မိုးဦးကတော့ ကြည့်ကောင်းလို့ကြည့်ကြသည်ဟုထင်သည်။ သော်က ပုဆိုးလေးနှင့်ဆို အရမ်းချစ်စရာကောင်းသည်ကိုး။
သူတို့ကြည့်လေ မိုးဦးမဏ္ဍပ်တိုင်တက်ပြချင်လေ ဖြစ်လာတာကြောင့် သော့်လက်လေး လှမ်းဆွဲလိုက်တော့သည်။
ဘာစိတ်မှမပါပါဘူး။ မိုးဦးအပိုင်လို့သိစေချင်ရုံလေးပါ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now