part(19)

7.5K 582 7
                                    

Unicode

"မမ. . .ရုံးကိုလိုက်ပို့ရမလား"

ရဲရင့် ကိုယ့်အကြံနဲ့ကိုယ် မမကိုကပ်ရပြီ။

"ကြားသားမိုးကြိုး. . .မလိုက်ပို့နဲ့. . ."

ဟင်. . .ငါလိမ္မာမလို့လေ။ ရဲရင့် အကြံထပ်ထုတ်သည်။

"ကိုမိုးဦးနဲ့လဲ မတွေ့တာကြာပြီ. . .မမရဲ့"

"တွေ့ချင် သူ့အိမ်လိုက်သွားပေါ့. . .ဟိုမှာ နင့်သူငယ်ချင်းလဲရှိနေတာကို. . .အေးဟ. . .
မေးမယ် မေးမယ်နဲ့ မမေးဖြစ်ဘူး. . .အေးချမ်းသော်က ဘာကောင်လေးလဲ. . .မမကိုသူ့အကြောင်းပြောပြပါအုံး"

"အဲ့ဒါကြောင့်လေ. . .ရုံးလိုက်ခဲ့မယ်လို့. . ."

အတင်းရောဇွတ်ရောနှင့်လိုက်ချသွားတော့သည်။

ရုံးရောက်တော့လဲ ရဲရင့် ဂယောင်ဂလယ်သာ။ လူတိုင်းအလုပ်ကိုယ်စီနှင့်. . .သွက်သွက်မြန်မြန်ချည်းသာ။
တစ်ခါမှမလာဘူးသူဖြစ်တော့ ကြည့်တော့ကြည့်ကြသည်။ဟိုစွာတေးမကတော့ လှည့်ပင်မကြည့်။ မေမေနှင့် ကိုမိုးဦး... မမတို့သာ ဦးစီးလုပ်ကိုင်သောအလုပ်ဖြစ်တာကြောင့် ရဲရင့် ကုမ္ပဏီကိုယောင်လို့တောင်မလာခဲ့ဖူးပါ။

ကိုယ့်အချစ်စစ်က ဒီမှာရှိမယ်မှန်းသိရင် အချိန်တွေမဖြုန်းခဲ့ပါဘူး။ ခုတော့ မောင်မောင်ခေါ်တုန်းက ဗျာ မထူးမိတဲ့အမှား။ အမေနဲ့အစ်မ ဖူးဖူးမှုတ်ထားလို့ ဆိုးပေမိတဲ့အမှား။

ပြီးခဲ့တာတွေရှိစေတော့. . .ခုတော့ပြင်ဆင်ရတော့မည်။အိမ်မှာကိုယ်ပဲယောကျားသား မားမားမတ်မတ်ရှိတာ။ အဖေကရှိတော့တာမဟုတ်ဘူး။ မေမေဆို ကိုမိုးဦးနှင့်မမကို ခုသာ အဲ့နှစ်ယောက်ခေါင်းညိမ့် ခုထ မင်္ဂလာဆောင်ပေးချင်နေတာ။ ကိုမိုးဦးအားကိုးရသလို ရဲရင့်လဲ အားကိုးရအောင်နေချင်သွားပြီ။

ငါလေး အားမကိုးရဘူးထင်လို့ မမကိုအားကိုးနေတာ။
ကိုမိုးဦးကို အားကိုးနေတာပါ။

တကယ်တော့ အမြတ်နိုးဆုံးလေးက ကိုမိုးဦးတပည့်။ မမတပည့်မဟုတ်တော့... တစ်ချက်ပဲတွေ့လိုက်ရသည်။

တကယ်လဲ. . သူပြောသွားတာမမှား။ ကိုမိုးဦးရဲ့အရှိန်အဝါက အပြင်မှာဘာဟုတ်သေးလဲ။ အလုပ်လုပ်နေတဲ့ပုံကမှ. . .တကယ့်အရှိန်အဝါအစစ်။ ဒါကြောင့် သူ့တပည့်တွေက အထိမခံတာဖြစ်ရမည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now