part(45)

5.5K 366 20
                                    

Unicode

ဒီနေ့ မိုးဦးနဲ့သော်တို့ လက်ထပ်သည့်နေ့ရက်.....
မနက်စောစော ဘုရားသွားသည်။

မိတ်ဆွေတွေ ဧည့်ခံတာက ညနေပိုင်းမှ။ ကြီးကျယ်ခမ်းနားစွာလုပ်ရတာမဟုတ်လေတော့ သိပ်တော့မပင်ပန်း။ သူငယ်ချင်းတွေလဲ လိုအပ်သည့်နေရာ ကူညီကြသည်။ ကိုယ်တိုင်လုပ်စရာ ဘာမှတောင်မရှိလိုက်ပါ။

မိုးဦးသူငယ်ချင်းများ.....သော့်သူငယ်ချင်းများ.....မြင့်မိုရ်တို့မိသားစု.....ရုံးမှ လူကြီးတစ်ချို့.......အောက်ထပ်မှအန်တီတို့မိသားစု....မိုးဦးတပည့်ကျော်များ.....
ဧည့်သည် သိပ်မများပေမဲ့ နွေးထွေးပြီးမိသားစုလိုချစ်ခင်ကြသူတွေပဲဆိုတော့ မိုးဦးနဲ့သော့်အတွက် ဝမ်းသာနေကြသူတွေချည်းပါ။ မိုးဦးတို့နှစ်ဦးလုံး ကံကောင်းခြင်းသာဖြစ်သည်။

ဘဝတစ်လျှောက်အတူနေထိုင်ရင်း အိုမင်းကြတော့မည်။
အဆိုး အကောင်း အားလုံးနှစ်ယောက်အတူ...
လူသားနှစ်ယောက်.... တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြတာတစ်ခုအတွက်နဲ့.... နှစ်ယောက်တစ်အိမ်မက် မက်ကြတော့မည်။
ကိုယ့်သက်ဆိုင်သူ.... ကိုယ့်ပိုင်ဆိုင်သူ...မျှဝေခံစားသူ...အရာရာအားလုံးထပ်တူ။
ဒီအတွက်... လက်ထပ်စာချုပ်လေးနှစ်ဆောင်...လက်ထပ်လက်စွပ်လေးနှစ်ကွင်းနှင့် လူပုဂ္ဂိုလ်အချို့က သက်သေ။

ချစ်ခြင်းတရားကို ပုံဖော်မှာကတော့....မိုးဦးနှင့်သော်ပါ။

ကိုယ်ကချစ်နေတာ...
ကိုယ်က မခွဲနိုင်ဘူး...
ကိုယ်က ကျန်သောဘဝကိုသူနှင့်သာ လက်တွဲလျှောက်လိုသည်မှာ သေချာနေပြီ။
အားလုံးရှေ့တွင် အချစ်ကို ဖော်ပြရန်လိုပါသည်။
လက်ခံခြင်း လက်မခံခြင်းသည်....တပါးသူရဲ့စိတ်ဆန္ဒသာ။

အချစ်တွင် gender ခွဲခြါးသတ်မှတ်ရန်မလိုအပ်။

မိမိတို့ပုံဖော်လိုသော အချစ်ကို စိတ်တိုင်းကျဖန်တီးပုံဖော်ကြရန်သာ။
Gender ခွဲ​ခြါးသတ်မှတ်နေမဲ့အစား သစ္စာရှိဖို့သာ အရေးကြီးသည်။
သစ္စာရှိကြဖို့လိုသည်။
ချစ်သောသူတိုင်း...ချစ်သူအပေါ်...အိမ်ထောင်ဖက်အပေါ်သစ္စာရှိကြဖို့လိုသည်။
.
.
.

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now