part(20)

7.8K 598 24
                                    

Unicode

ဆိုင်မှဝန်ထမ်းကလေးများအကူအညီနှင့်. . .ကေသရီရှိမည့်နေရာကိုရှာကြရသည်။

မိုးဦးရင်ပူလွန်း၍ သေတော့မတတ်ပင်။
ဒီကလေးမကိုတွေ့ကတည်းက မသင်္ကာ. . . အပြောအဆို ရဲတင်းလွန်းသည်သာမက သော့်အပေါ် မရိုးသားတာ မြင်ရုံနဲ့သိသည်။

သော်နဲ့ကလဲ ခုရက်ပိုင်း တွေ့ဖြစ်ကြသည်ဆိုရုံသာ။
စကားက. . .မပြောဖြစ်ကြ။
ကိုယ်တိုင်ကလဲအလုပ်ကများများ...သော်ကလဲ စာတစ်ဖက် အလုပ်တစ်ဖက်နှင့်ဆိုတော့ တစ်အိမ်ထဲနေပေမဲ့ စကားဖြောင့်ဖြောင့်မပြောဖြစ်ကြ။

မိုးဦး နောင်တရမိသည်။
သော့်အပေါ်တာဝန်မကျေပြန်။
မကာကွယ်နိုင်ပြန်။ ဒီလိုသာ ကိုယ့်လက်ထဲရောက်မှ သော်တစ်ခုခုဖြစ်လို့ကတော့.  .. မိုးဦးအသက်ဆက်ရှင်နိုင်တော့မည် မထင်ပါ။

ဘုရား. . .သိကြားမလို့ သော် ဒုက္ခမ​ရောက်ပါစေနဲ့လို့သာ ဆုတောင်းနေရသည်။
.
.
.

အချိန်မှီရုံလေးတွေ့တယ်ဆိုပါတော့. . .

သော့်ကိုတွေ့တော့. . .ခုံတန်းရှည်တစ်ခုပေါ်တွင် လဲနေသည်။ အိပ်ပျော်​နေသလိုပဲ. .  အိပ်ပျော်တာမဖြစ်နိုင်ပါ။ သော့်ကိုတစ်ခုခု လုပ်ထားကြပြီထင်သည်။
.
.
တဝုန်းဝုန်းနှင့်တံခါးထုသံကြောင့် တံခါးလာဖွင့်တဲ့ကောင်လေးတစ်ယောက်ကို မိုးဦး ထိုးချလိုက်သည်။
နောက်မှာပြေးလာသောသူများ... ကေသရီလဲပါသည်။
သူဌေးကိုယ်တိုင်ပါလာကြောင့် ကေသရီလန့်သွားသည်။

"ကေသရီ. . .နင်ဘာလုပ်တာလဲ. . အေးချမ်းလိုလူကို နင်ဘာယုတ်မာတာလဲ"

ငိုပြီးထွက်ပြေးဖို့လုပ်သည်။ဝိုင်းဆွဲထားကြသည်။
ဖြစ်ချင်ရာဖြစ်ကြပါစေ။ သူတို့နှင့်နောက်မှရှင်းမည်။
မိုးဦး သော့်ကိုပြေးပွေ့ချီလိုက်သည်။
သော်ရေ. . .သော်ရေ. . .

"နင်. . .သော့်ကိုဘာလုပ်ထားတာလဲ. . ."

မိုးဦး ဒေါသတကြီးမေးသည်။

" မ. .မလုပ်ပါဘူး. . ဘာမှမလုပ်ပါဘူး. . သူသတိမေ့နေတာပါ. .ဟို. . သူ့ကိုခြောက်ရုံလေး အကျပ်ကိုင်ချင်ရုံလေးပါ. .အေးချမ်းက လမ်းမှာပဲသိသွားပြီး. ကေသရီ့အဖော်တွေကိုအရင်ချတာပါ. . အဲ့တာ နောက်ကနေဇက်ပိုးကိုရိုက်လိုက်လို့​... သတိခဏမေ့နေတာပါ"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now