"ကျွန်တော့်ကိုဇွတ်မလုပ်နဲ့. . .ကျွန်တော် ကလေးမဟုတ်တော့ဘူး"
"ကလေးပဲဖြစ်ဖြစ်. . .လူကြီးပဲဖြစ်ဖြစ်. . .ကိုယ့်အတွက်တော့. . .သော်က. . .ကိုယ့် သော်ပဲ. . မျက်စိရှေ့တွေ့နေမှတော့... ကိုယ်က အဝေးကိုမထားနိုင်တော့ဘူး"
"ဒုက္ခပါပဲ. . .ခင်ဗျားအပြောအဆိုဆင်ခြင်ပေးပါဗျာ. . .မဟုတ်ရင်... ထပ်လုပ်မိလိမ့်မယ်"
"သော်လဲ. . .ခေါင်းမမာပါနဲ့. . .ကိုယ့်အပြောအဆိုကရောဘာဖြစ်နေလို့လဲ"
"ဟာ. . .ခင်ဗျား. . .တသော်သော်နဲ့လေ. . .အဲ့လိုမခေါ်နဲ့လို့ခင်ဗျားကိုပြောထားတာ နားမှာအပေါက်မပါဘူးလား"
"ကိုကိုကြီးလို့မခေါ်နိုင်ရင်ရတယ်လေ. . .ကိုယ်က သော့်ကို သော်လို့မခေါ်လို့. . .ဘယ်လိုခေါ်ရမှာလဲ. . .အသည်းပုလို့ခေါ်ရမှာလား"
"ဟာ. . .ပြောလေဆိုးလေ. . .ဒုတ်"
ပြောနေရင်းခြေထောက်ကိုဖြတ်ကန်ချလိုက်တာ. . .
"အ. . .ကျိုးပါပြီ"
နာလွန်းလို့ မိုးဦးကြိတ်မခံနိုင်။ အော်ချပစ်လိုက်သည်။
ဘဝမှာ လူလူချင်းတစ်ခါမှမချခဲ့ဘူးပါ။
နာလိုက်တာ. . .တကယ်ကျိုးပြီလားမသိ။ သူ့ကိုဆေးခန်းပြပေးရမှာလား. . .ကိုယ်ပြရမှာလားမသိတော့။
နေပါအုံး. . .လက်ခြေမြန်ပုံက. . .သန်လဲသန်လာတာပါ... မထင်ရဘူး။ လူကပိန်ကပ်ကပ်လေးမို့လို့သနားနေတာကို အရိုးကအဲ့လောက်မာရသလား။
နာလိုက်တာဆိုတာ။"ဘယ့်နှယ်လဲ. . .အရသာ... ရှိသွားပြီလား"
သူလုပ်ပြီး ပြန်မေးနေသေးတာ။
"ဆေးခန်းသွားရအောင်... သော်"
"မလိုဘူး. . .ဒီလောက်အနာကအေးချမ်းသော်ဘဝမှာ အနာတောင်မထင်ဘူး.ဟက်. . ဟက်"
"မင်းလေးပြဖို့မဟုတ်ဘူး. . .ကိုယ့်ခြေထောက်ကွ"
"အဆင်ပြေသလိုသာလုပ်လိုက်. . .ပြန်ပြီ"
တကယ်ကြီး မိုးဦးကိုထားပြီး ထ ပြန်ဖို့လုပ်သည်။
တံခါးဆီသို့ မိုးဦး ခြေထောက်နာနေသည့်ကြားမှ အတင်းပြေးကာသည်။
"ဘာလဲ. . .ခင်ဗျား. . .ကျိုးပြီဆို"
"မပြန်ရဘူး. . .မင်း...ပြန်ဖို့မစဥ်းစားနဲ့"
YOU ARE READING
ချစ်သူ့စကား ရင်နှင့်ကြားစေ
Romanceအချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အချစ်ဟာ မိုးဆန်းပန်း အရမ်းချစ်တယ်♥♥