part(55)

5.4K 371 9
                                    

Unicode

နောက်တစ်​နေ့မနက်မှာတော့ သော်နဲ့မိုးဥွီး အခင်းထဲလိုက်ကြသည်။ ဦးလေးသန်းက ဆိုင်ကယ်ဘေးတွဲတစ်စီးအသင့်ရပ်ထားပေးသည်။
ဆိုင်ကယ်ပေါ်တက်တာနဲ့...ပူတူးဆိုတဲ့ကောင် ပြေးလာတော့သည်။
အခင်းထဲသူလဲ လိုက်မယ်တဲ့။

"ကိုယ်တို့က တစ်နေရာထဲမဟုတ်ဘူးနော်....လျှောက်သွားရမှာ... ပူတူးလိုက်နိုင်လို့လား"

ဆိုင်ကယ်ပေါ်ရောက်တာနဲ့ ကို က ပူတူးကိုပြောသည်။

"မလိုက်ဘူး.....အခင်းမှာ မမနှင်းဥနဲ့ကျန်ခဲ့မှာ"

"လာ...လာ....ပူတူး...တက်"

သော်ကပဲ လက်လှမ်းပေးကာ ပူတူးကို ခေါ်ရသည်။
ထမင်းချိုင့်လေးဆွဲကာ တက်လာသည်။
ကိုတစ်ယောက်ဟာ ....ကလေးနဲ့ဖက်ပြိုင်ပြီး....ဦးလေးတို့သိသွားကောင်းမလား။ လူကြီးတွေက အားနာနေတာသိသားနဲ့ တကယ်ပါပဲ။

.
.
.
.

ဦးလေးသန်းတို့အခင်းက အတော်လေးကျယ်သည်။
စိုက်ခင်းထဲအလုပ်သမားတွေလဲ လေး ငါးယောက်ရှိကြသည်။
နှင်းဥက....စိုက်ခင်းနဲ့ခပ်လှမ်းလှမ်း မြေစိုက်အိမ်လေးထဲမှ...ပြေးထွက်လာကာကြိုသည်။ပူတူးလဲ နှင်းဥနဲ့ပါသွားတော့သည်။

ကိုက..အခင်းထဲရောက်တာနဲ့ အလုပ်ကိစ္စသာ စိတ်ဝင်စားနေတော့သည်။ မေးလိုက်တဲ့အမေးဆိုတာလဲ ဖိုးကျော်တစ်လှည့် ဦးလေးသန်းတစ်လှည့်ဖြေနေရတာ ဟိုသားအဖ မနားရပါ။
တစ်ချို့ မေးနေတဲ့အမေး သော်ဆိုရင် ....ကို မေးမှကြားဖူးသည်။
သူနောက်က လိုက်အလုပ်လုပ်ဖို့ဆိုရင် မျက်စိဖွင့် နားစွင့်ထားရမည်။ သော် ကိုယ့်ကိုကိုယ်သတိပေးနေရသည်။

ကိုက ဘယ်အလုပ်မဆို ဒီလိုပဲ လုပ်နေမှာ။ စေ့စေ့စပ်စပ်သေသေချာချာပေါ့။ ကိုယ်ကျွမ်းကျင်ရာနယ်ပယ်မဟုတ်လို့ ပိုပြီး လေ့လာနေပုံပါ။ စိုက်ပျိုးရေးဆိုတာမျိုးက မြေရော ရာသီဥတုရော ကြည့်ပြီးမှ သင့်တော်ရာ စီမံစိုက်ပျိုးရသည်လေ။

ရောက်ကတည်းက အခင်းပတ်ပတ်လည်လျှောက်ရင်းမေးနေတာ။ တစ်နေရာရာထိုင်ပြီးမေးတာမဟုတ်။ အခုက သူများအခင်းအထိရောက်နေပြီ။ ဒီနားတဝိုက်ကတော့ ဟင်းရွက်စိုက်ခင်းတွေများတာကြောင့် သိပ်တော့ မထူးခြားဘူး။ ဒီတော့မှ....နောက်ကြောင်းပြန်လှည့်သည်။ သော်လဲမောပြီ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now