part(10)

8.1K 681 23
                                    

စားစရာများနှင့် ရဲရင့်နှင့်နန္ဒတို့ ပြန်ရောက်လာကြသည်။

"ရဲရင့်. . .နံရိုးပေါင်းရခဲ့ရဲ့လား"

မိုးဦးကလဲ သော့်အတွက်သာမေးသည်။

"ရတယ် အကိုမိုးဦး. . .အဲ့ဒါရှာဝယ်ပေးနေလို့ကြာနေတာ. . .ကိုမိုးဦး... စားဖို့လား"

"သော်...အရမ်းကြိုက်တာလေ...အဲ....အေးချမ်းသော်.. ..အေးချမ်းသော်"

တုတ်တုတ်မျှမလှုပ်သေးသူကိုစားဖို့ပြောရသည်။

မကြည်သာသောမျက်နှာနှင့်သာ. . .စိတ်အိုက်နေပုံက အထင်းသား။

မိုးဦးကတော့. . .ဖြေရှင်းချက်တွေမပေးချင်သေးသလို. . .သော့်အကြောင်း. ..ဖြေးဖြေးမှသိရလဲ အဆင်ပြေပါသည်။
ခုအရေးကြီးနေတာ သော် နံရိုးပေါင်းထစားဖို့သည်သာ။

"စား. . .စားလိုက်အုံးလေ. . .ဘာမှမစားရသေးဘူးဆို"

လှည့်ပင်မကြည့်. . .စားတော့ စ စားနေပြီ။
.
.
.
သော်အလွန်အနေခက်ပါသည်။
ဘာစကားမှပြောချင်စိတ်မရှိပါ။
သူငယ်ချင်းများရှေ့တွင် ကိုယ့်သိက္ခာမှအားမနာ သော့်ကို ဒီလိုလုပ်နေတာတွေမဖြစ်ချင်ပါ။
ပြီးတော့. . .သော်. . .နာလက်စနှင့် နာချင်ပါသည်။
သော့်စိတ်က ဝမ်းနည်းလွယ် အားငယ်လွယ်မှုတွေဖြစ်ရတဲ့အထဲ ထပ်ပြီး ဘာမှမခံစားချင်ပါ။
ခင်ဗျားကိုရော. . .အန်တီမေမေကိုရော. . နာချင်ပါသည်။

အိမ်မှာ. ..အန်တီမေမေလဲမတွေ့ပါလား။

မိုးဦး. . .သော့်ကိုဘယ်လိုဆွဲထားရမလဲအသည်းအသန် စဥ်းစားရသည်။
ခုနေ. . .သူ့သူငယ်ချင်းများရှေ့မေးလဲ ပြောမည်မထင်
နေပါအုံးလေ။ ပြီးမှ ရဲရင့်ကိုကပ်မေးရမယ်။

စားသောက်ပြီးတော့. . .ရဲရင့်ကပြောတယ်။

"ပန်းကန်တွေ ဆေးလိုက်အုံးမယ်"

မိုးဦး ရဲရင့်နောက်မှကပ်လိုက်ရင်း. . .

"ရဲရင့်. . .ထားပါ. . .ရတယ်. . .ကိုယ်ဆေးလိုက်ပါ့မယ်"

မိးဖိုခန်းထဲရောက်မှ. . . .

"ရဲရင့်. . .သော်ကို ကိုယ်လိုက်ရှာနေရတာ ကြာပြီ
ခုမှပြန်တွေ့တာ. . .သော့်ငယ်ငယ်ကအကြောင်း နောက်မှကိုယ်ရှင်းပြမယ် နယ်မှာအတူနေခဲ့ကြတာ. . .
ခုလက်ရှိ သော့်အကြောင်း မြန်မြန်ပြောပြ. . .သူအဆင်ပြေနေတာဟုတ်လို့လား. . .ဘယ်သူနဲ့နေနေတာလဲ. . .ပြီးတော့. . .အလုပ်. . .မိန်းကလေးတွေဘာတွေရော"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now