part(25)

6.8K 485 11
                                    

Unicode

အဖွားဆုံးတော့ သော် စာမေးပွဲဖြေကာနီးလောက်ပေါ့။
တကယ်ကို သော် ဝမ်းနည်းလွန်း နာကျင်လွန်းရပါတယ်။ အဖွားအတွက် အန်တီသက်တို့က ဆေးသေချာကုမပေးကြပါ။ အဖွားမှာရှိတဲ့ လက်ဝတ်လက်စားအားလုံးကို အန်တီသက်က အမှည့်ခြွေ ခြွေယူတာလဲ ကြာခဲ့ပြီ။ နားကပ်ပါမကျန်အောင်ချွတ်ယူကြသည်။

သော်လည်း အတော်လေး ပင်ပန်းခက်ခဲပါသည်။ ကျောင်းအတွက်လိုအပ်တာတွေဝယ်ဖို့ အဖွားကို ဆေးဝယ်တိုက်ဖို့ သော် ကျောင်းတက်ရင်း ခရေပန်းကောက် သီပြီး ပိုက်ဆံရှာရသည်။ သော် ရှာနိုင်လွန်းမှ ဘယ်လောက်ရှိမှာလဲ။ ဒါပေမဲ့ သော့်အတွက်ထက် ဖွားအတွက်သာ သော် သုံးပါသည်။

အဖွားက ဆေးမြီးတိုသောက်နေရင်း အခြေအနေမကောင်းတော့မှန်း ကြိုသိလေသည်။ ဒါကြောင့်ဤအိမ်ကို သော့်နာမည်နဲ့လွှဲဖို့ ရှေ့နေနှင့်စီစဥ်ပါသည်။ အန်တီသက်က အဖွားက သူ့ကိုအမွေလွှဲမည်အထင်နှင့် ရှေ့နေချက်ချင်း ခေါ်လာသည်။

သော် ကျောင်းဆင်း အိမ်ပြန်လာတော့ အိမ်မှာ သော့်ကိုစောင့်နေကြသည်။ အန်တီသက်ကတော့ မကြည်သလိုကြီးကြည့်နေသည်။ သူ့အမေ သူ့ကိုအမွေပေးဖို့ သော့်ကိုဘာကြောင့် စောင့်ရသလဲပေါ့။
မထင်မှတ်ဘဲ အဖွားက သော့်ကိုပေးဖို့ စီစဥ်လိုက်သည့်အပြင် သတင်းစာမှာပါကြောငြါထည့်ခိုင်းသည်။
ဒေါ်သက်သက်ခိုင်တစ်ယောက် ပေါက်ကွဲပါတော့​သည်။

ရှေ့နေကြီးရှေ့တွင်ပင် သော်နဲ့အဖွားကို အော်သည်။
အဖွားက ပြုံးပြုံးလေးသာ။ ဘာမှပြန်မပြော။ တခွန်းဘဲပြောသည်။

"သက်သက်ခိုင်. . .ညည်းရစရာရှိတာထက်တောင်ပိုယူပြီးပြီ. . .ငါ့အိမ်မှာ ငါသေရင် ငါ့မြေးဆက်နေဖို့ ငါစီစဥ်တာ ညည်းမကျေနပ်ရင် အိမ်ပေါ်ကဆင်း. . .သော် က ငါ့မြေး. . .ရပိုင်ခွင့်ရှိတယ်"

သော်အဖွားစကားကြောင့်ငိုပါသည်။
သော့်မှာအဖွားမရှိလို့​မဖြစ်ပါ။
သော် အမွေလဲမမက်မောပါ။
အဖွားနဲ့ပဲအတူနေချင်ပါသေးသည်။
အဖွားသာရှိနေပေးရင် သော် အိမ်လဲမလိုချင်ပါ။ ငွေလဲမလိုချင်ပါ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now