part(48)

5K 347 7
                                    

Unicode

သော်...အဒေါ်လုပ်သူကို စာချုပ်ပေးပြီး နှုတ်ဆက်လိုက်သည်။ ခရီးတစ်ထောက်နားပါဆိုသော်လည်း သော်တို့ ငြင်းခဲ့လိုက်သည်။ ဦးလေးသန်းတို့လဲ မျှော်နေကြမှာ။ ရန်ကုန်က ထွက်လာကတည်းက ဖုံးဆက်အကြောင်းကြားပြီးသား။ သော်တို့ အလည်လာမယ်ဆိုတဲ့အကြောင်းကို။

ပြီးတော့ သော် ဒီအိမ်မှာ ညမအိပ်လို။ ခုတောင် အဖွားကို သတိရတဲ့စိတ်ရော....အခြားထိတ်လန့်ဖွယ်ရာတွေးမိနေတာကြောင့်ရော ကြာကြာမနေချင်ပါ။
ကြာခဲ့ပြီဆိုပေမဲ့ နေကာဟောင်းကိုရောက်တော့ သော် ခံနိုင်ရည်မရှိဖြစ်နေဆဲ။

ကိုက....သော့်အဒေါ်ကို ငွေအနည်းငယ်ပေးတော့.... သော့်မှာ အလိုက်သိတဲ့ ကို့ကို ကျေးဇူးတင်နေရသည်။ သော့်မှာ ပိုက်ဆံ မရှိဘူးလေ။ ကို့ဆီကတောင်းပြီးပေးဖို့လဲ သော် အားနာရသည်။ ဒါကို သိတဲ့ ကိုက သော်မပြောပေမဲ့ အလိုက်တသိရှိလွန်းသည်။

ဒေါ်သက်သက်ခိုင်တစ်ယောက် မျက်ရည်မဆည်နိုင်အောင်ဖြစ်နေတော့သည်။ သော့်အပေါ်  သူတို့လုပ်ခဲ့မိတာတွေ.... သူ့သားသမီးတွေ သော့်အပေါ် အနိုင်ကျင့်နေတာ မြင်ရက် သိရက်နဲ့ မကာကွယ်ပေးခဲ့မိတာတွေအတွက် သော့်ကိုရော မိုးဦးကိုပါ အကြိမ်​​ကြိမ်အထပ်ထပ် တောင်းပန်နေသည်။

ဒီနေရာ....ဒီအိမ်....ဒီခရေပင်တွေနဲ့....သော် နောက်ထပ်မတွေ့ရတော့ပါ။
အဖွားရဲ့ အရိပ်တွေ အငွေ့အသက်တွေ သော် ပြန်လည်ခံစားရင်း အပြီးတိုင် နှုတ်ဆက်နေမိသည်။

သော့်ဘဝရဲ့....ပိုင်ရှင်အစစ်အမှန်ကို သော် ဒီနေရာမှာတွေ့ခဲ့တာ။ သော့်ကို အစစအရာရာ ကာကွယ်ပေးသူ.. စောင့်ရှောက်သူ.... ချစ်ရတဲ့သူ... သော့်လက်ကိုတွဲပြီး ရဲရဲဝင့်ဝင့်ရှိသူ ကိုနဲ့သော့်အတွက် အမှတ်တရပေါင်းများစွာ ဒီနေရာမှာရှိခဲ့သည်။

ခုတော့....သော်ရော မိုးဦးရော ခရေပင်တွေကိုလဲ နှုတ်ဆက်သည်။ အိမ်အိုဟောင်းလေးနဲ့ လျှောက်ခဲ့ဖူးတဲ့လမ်းလေးတွေကိုလဲ နှုတ်ဆက်ကြသည်။ ဘယ်သောအခါမှ သော် ပြန်မလာချင်တော့ပါ။

"သော်....ဘယ်ဝင်ချင်သေးလဲ..."

မြို့မှမထွက်ခင် ကိုက မေးသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now