part(33)

6.1K 425 4
                                    

Unicode

ဒီလိုနဲ့ သော် စာမေးပွဲဖြေဖို့နီးကပ်လာခဲ့ပြီ။
မိုးဦးလဲ အလုပ်တွေ ထုံးစံအတိုင်းများလှသည်။

ဒီတစ်ပတ်ပိတ်ရက်ရောက်ရင် သော်နဲ့ဘုရားသွားမည်ဟုစိတ်ကူးထားသည်။ သော်က. . .စာနဲ့အိမ်အလုပ်ကြားမှာအပြင်ကိုသိပ်မထွက်သလောက်ပင်။ ခုတလော စျေးဝယ်စရာကို နေ့တိုင်းဆင်းမဝယ်။ သုံးရက်လောက်နေမှ တစ်ခါဝယ်သည်။ သော်လေး စာမေးပွဲနီးပြီဆိုတော့ စိတ်အေးလက်အေးရှိအောင် ဘုရားပို့ပေးရမည်။
.
.
.
.
.

သော် ဒီရက်ပိုင်းတွေးနေမိတာရှိသည်။ရဲရင့်နဲ့ မမြင့်မိုရ်တို့က သော်နဲ့ကိုနဲ့အကြောင်းသိသွားကြပြီ။ ကို့ကိုတော့ဖွင့်မေးကြရသေးပုံမပေါ်။ ကိုက သော့်ကိုဘာမှပြန်မပြောဘူးလေ။ သော့်မှာ ရင်တထိတ်ထိတ်နဲ့ နေ့တိုင်း ကို့ကိုကြည့်နေရသည်။

တကယ်တော့ ကို က သော်နဲ့ပတ်သက်တာကို လူတွေသိသွားလဲ ထူးထွေပြီးခံစားစရာမရှိမှန်းသိပါသည်။
သော် စိုးရိမ်မိတာက...ကို့ကိုမဟုတ်။ တခြားလူတွေ ကို့အပေါ်အမြင်တမျိုးဖြစ်သွားမှာစိုးရိမ်မိခြင်းပါ။ ဒီလိုနဲ့ ကို့အလုပ်ထိခိုက်မှာ. . . လူတွေရဲ့အကြည့်တွေ အမြင်တွေပြောင်းလဲသွားကြလို့ ကို စိတ်ပင်ပန်းမှာစိုးရိမ်နေခြင်းပါ။ကိုတို့ အလုပ်မှာကလူကြီး လူငယ်စုံသည်လေ။
ဒီလိုအဖြစ်မျိုးကို နားလည်ပေးနိုင်သူရှိသလို လုံးဝနားလည်မပေးနိုင်သူတွေလဲ ရှိမှာပင်။

မမြင့်မိုရ်က သိသည်ဆိုတာကို. . .ကိုသိသွားရင်ရော အနေများခက်နေမလား သော့်မှာ တွေးမိတိုင်းရင်ပူနေရသည်။ ဒီညနေ ကို ပြန်လာရင် ရဲရင့် တို့သိသွားပြီဖြစ်ကြောင်း သော် ပြောပြလိုက်ရကောင်းမလား။
.
.
.
.
.

ညနေရောက်သောအခါ. . . .

"သည်းသော်လေးရေ"

တံခါးဖွင့်ပေးလိုက်သည်နှင့်ခေါ်သံကအရင်. . .

သော့်လက်ထဲကို ပါလာတဲ့အိတ်ကိုထည့်သည်။
အားသွားတဲ့လက်နှစ်ဖက်နှင့် ဆွဲဖက်ကာ နမ်းသည်။
ထုံးစံအတိုင်းပေါ့. . ကြာသည်။

"ကို. . .ခဏနားအုံးနော်. . .ဒီမှာ ကို့အတွက်. . ."

သော် ဖျော်ထားသော် အသီး​ဖျော်ရည်လေးပေးရင်းပြောသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now