part(21)

7.7K 581 15
                                    

Unicode

အဖွားဆုံးတာနဲ့ သော် ဒီအိမ်မှာဆက်နေဖို့အတော်ကြိုးစားရပါသည်။ သူတို့ သော့်ကို သတ်တော့မပစ်နိုင်ကြပါ။
ဘာကြောင့်ဆိုသူတို့နေသည့်ဤအိမ်ကို အဖွားက သော့်နာမည်နှင့်လွှဲခဲ့သည်သာမက သတင်းစာထဲပါ ကြော်ငြါပေးထားခဲ့ပါသည်။

ဒေါ်သက်သက်ခိုင် မကျေနပ်နိုင်ပါ။ အရင်တည်းကကြည့်မရသူ သော့် ကို နှင်ချလို့လဲမဖြစ်နိုင်။ ပိုင်ဆိုင်မှုဆိုလို့အိမ်တစ်လုံးသာရှိတော့သည်။ ဒါကလဲ သော့်နာမည်နှင့်။ နည်းမျိုးစုံသုံးကာ ချော့တခါ ခြောက်တလှည့်နှင့် သော့်ကိုတောင်းသည်။ သော်က မပေးပါ။ သော်ကျောင်းသွားသည့်အချိန် တစ်အိမ်လုံးနှံ့နေအောင်ရှာပါသော်လည်း လုံးဝမတွေ့ပါ။

ဒီကြားထဲ ရာဇာက အပေါင်းအသင်းစုံကာ အတော်ဆိုးသွမ်းသည်။
တစ်ရက်မှာ ဒေါ်သက်သက်ခိုင်ဆီမှ မုန့်ဖိုးတောင်းသည်။ အကြွေးကဝိုင်း. . .သားဖြစ်သူကမလိမ္မာ အခြေအနေကိုနားမလည်ဘဲ ပိုက်ဆံသာတွင်တွင်တောင်းသည့် ရာဇာ့ကိုစိတ်တိုတိုနှင့် ဒေါ်သက်သက်ခိုင် လက်ပါမိသည်။

ရာဇာ စိတ်ဆိုးကာအပြင်ထွက်သွားသည်။ပြန်လာတော့ အိမ်မှာ ဒေါ်သက်သက်ခိုင်မရှိ။ အမေကိုပြသနာရှာဖို့ပြန်လာသည်တွင် သူ့အမေ မတွေ့တော့ သော်တစ်ယောက်ထဲရှိသည့်အချိန် သော့်ကို အညှိုးတကြီးရိုက်ပါတော့သည်။
ဂြိုလ်ကောင်ဟု ဆိုကာ. . .ကြိုးနှင့်တုတ်ပြီးရိုက်ပါတော့သည်။ မူးကလဲမူးနေ... သူတို့ပိုက်ဆံမရှိတာ သော်က အမွေအားလုံးရသွားတာကြောင့်ဟုဆိုကာ သော့်ကို မသေရုံအသက်ရိုက်နေတော့တာ။

ဒေါ်သက်သက်ခိုင်ပြန်လာချိန်တွင် သော် သတိလစ်မတတ်ဖြစ်နေသည်။ရာဇာ ဆေးကြောင်၍ အခြေအနေပို​ပြီး ဆိုးသွားခြင်းဖြစ်သည်။

ပတ်ဝန်းကျင်မသိအောင် သော့်ကိုအထပ်ထပ်နှုတ်ပိတ်သည်။ သူ့သားကိုလဲ သော့် ဆီမှာရှိတဲ့အိမ်စာချုပ်ပြန်ရမှ လုပ်ချင်ရာလုပ်. . . ခုတော့ သည်းခံပြီးတောင်းဖို့သာ နားချသည်။

သော်ကတော့. .. နာကျင်သော ဒဏ်ရာများကို မျက်ရည်ကျရင်း. .. အဖွားကို တရင်း. . .ကိုကိုကြီးကို သတိရရင်းပေါ့။
သော် ဤအိမ်ကိုမမက်မောပါ။ သူတို့လိုချင်ရင်ပေးခဲ့နိုင်ပါသည်။ သို့သော်. . .ခုချိန် သော်. . ထုတ်ပေးလိုက်ပါက သော် ချက်ချင်းနှင်ချခံရမှာပါ။ စာချုပ်လက်ထဲရောက်တာနဲ့ သော့် ကို နှင်ချ အိမ်ကိုလဲရောင်းပစ်ကြမှာပါ။
သော်က ကိုကိုကြီးကို ဒီမှာစောင့်ရမှာလေ။ သော် သည်းမခံနိုင်လို့ မရပါ။ သော် အရိုက်ခံရလို့နာကျင်ခဲ့ရင်လဲ အပေါ်ယံအသားနာရုံသာ။ ကိုကိုကြီးလာခေါ်လို့မှ သော့်ကိုမတွေ့ရင် သော့်ကိုကိုကြီး ရင်ကွဲပါလိမ့်မည်။
သော် ဆက်တောင်မှ မတွေးနိုင်။ သော်လဲ ရင်နာရင်း ရင်ကွဲရင်း သေရပါလိမ့်မည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now