part(6)

8K 678 25
                                    

ကားပါကင်မှာကားရပ်ပြီးဓာတ်လှေကားနှင့် မိုးဦးတို့အပေါ်ထပ်တက်ခဲ့ကြသည်။
ဓာတ်လှေကားထဲက ထွက်ကတည်းက ပေါ်တင်တမျိုး ကွယ်ကာတစ်သွယ်ကြည့်နေကြသောဝန်ထမ်းများ။
မိုးဦး မမြင်ချင်ယောင်ဆောင်ပြီး ကိုယ့်တာဝန်ကိုယ်ကျေဖို့သာအာရုံးထားလိုက်တယ်။
.
.
.

"မိတ်ဆက်ပေးပါ့မယ်.. .ဒီနေ့ရောက်လာတဲ့ဒါရိုက်တာချုပ်ပါ. . .ဒေါ်မြင့်မိုရ်ငြိမ်းတဲ့. . .နှုတ်ဆက်လိုက်ကြပါအုံး"

"မင်္ဂလာပါ အစ်မ. . ."

သံပြိုင်နဲ့နှုတ်ဆက်ကြတယ်။

"မင်္ဂလာပါရှင့်. . .အားလုံးပဲ. . .အားကိုးပါမယ်နော်. .
အတူတူကြိုးစားကြမယ်နော်"

သွက်လက်ဖော်ရွေသောနှုတ်ဆက်စကားကြောင့်ဝန်ထမ်းများမျက်နှာတွင်အပြုံးပန်းများပွင့်ကုန်ကြတယ်။ ကုမ္ပဏီကိုရောက်လာတဲ့ ရာထူးကြီးမားသူတစ်ယောက်ဟာ မိန်းကလေးဖြစ်ပြီဆိုရင် ချေသလား မိုးသလား သွေးနားထင်ရောက်နေသလား ရစ်တတ်သလားဆိုတာ ဝန်ထမ်းမိန်းကလေးတိုင်းကြိုတွေးကြတဲ့ကိစ္စ။ ခုတော့ မြင့်မိုရ်ငြိမ်းရဲ့အပြုံးနဲ့စကားကြောင့် သူတို့ တော်တော်စိတ်အေးသွားကြပုံပါပဲ။

" မြင့်မိုရ်. . .ဒါက ကိုယ်ရုံးထိုင်တဲ့အထပ်. . .မြင့်မိုရ်ကိုအပေါ်ထပ်မှာရုံးခန်းပြင်ထားပေးတယ်. . .အောက်ထပ်ကဝန်ထမ်းတွေအရင်မိတ်ဆက်ပေးချင်လို့. . .ဒါ
ကိုယ့်teamပေါ့"

"ဆရာမိုးဦးတပည့်တွေဆိုတော့ မေးစရာမလိုဘူးပေါ့. . .အားလုံးအားကိုးရမှာပဲ. . .ဆရာက တော်နေတော့. . ."

ဝန်ထမ်းများက မြင့်မိုရ်ရဲ့အပြောကြောင့် ပြုံးကြပြန်တယ်။

"ကဲ. . .အားလုံးအလုပ်လုပ်ကြပါတော့. . .
မြင့်မိုရ်. . .အပေါ်ထပ်တက်ရအောင်"

မိုးဦးကပဲ မိတ်ဆက်ပေးခြင်းကိုအဆုံးသတ်တယ်။

"Breakfast ကရော. . ."

မြင့်မိုရ်ကမေးတယ်။

"အော. . .sorry. . .ကိုယ်မေ့နေတာ. . .မြင့်မိုရ်ဘာစားမလဲ. . .ရုံးမှာလွယ်လွယ်ရှိမှာတော့. . .ကော်ဖီ. . ."

ပြောရင်း. . .ဝန်ထမ်းများဘက်ဝေ့ကြည့်သည်။

မိုးဦးကရုံးမှာ အစားအသောက်အတွက် ဝန်ထမ်းများလာပို့ပေးမှသာ. . .မဟုတ်ရင် ဘာစားချင်သည် ဘာဝယ်ပေးပါ. . .မခိုင်းတတ်။
သူ့ကိုသာဝန်ထမ်းများကအရိပ်တကြည့်ကြည့်နှင့် လိုတာလာပို့ပေးနေကြတာ။ ဒါတောင်အားနာလို့အမြဲမပို့ပေးနဲ့ပြောနေကြ။
ခုမှ ကိုယ်တိုင်စီစဥ်ပေးရမယ်ဆိုတော့. . .ဘာမှမသိ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now