part(26)

6.8K 500 5
                                    

Unicode

အခန်းတွင်းသို့ဝင်လာသည်နှင့် သော်က လက်ထဲမှကျည်ပွေ့နှင့်အားကုန်လွှဲရိုက်သည်။ ရှေ့ဆုံးမှ ဝင်လာသည့် ရာဇာကို ရိုက်မိသည်။ သော် ကြောက်လွန်းလို့ အသက်ထွက်မတတ်ပင်။ တစ်ခါမှဒီလို ရိုက်တာနှက်တာမလုပ်ဖူးဘူးလေ။ လက်ဆကိုလဲသေချာမချိန်ရွယ်နိုင်။ ရာဇာ့ကိုရိုက်မိသော်လည်း ကြောက်ကြောက်နှင့်ရိုက်တာမို့ နာသွားရုံလောက်သာ။

ရာဇာက အသားနာသွားတော့ပိုဆိုးသည်။
သော့် အနားပြေးကပ်လာသည်။
သော် နောက်သို့ဆုတ်ရင်း . . .ရှောင်သည်။
ဟိုနှစ်ယောက်က တံခါးကိုပိတ်ရပ်ကာကြည့်နေသည်။
ရာဇာ ဒေါသတကြီးနှင့်လှမ်းဆွဲသည်။ သော်က လက်ထဲမှကျည်ပွေ့နှင့်ထပ်ရိုက်သည်။ နောက်မှတစ်ယောက်က သော့်ကိုဝိုင်းဖမ်းပေးဖို့လုပ်သည်။

သော် မရှောင်နိုင်တော့။ သော့်လက်ထဲမှကျည်ပွေ့ကို ရာဇာကလွှတ်ပစ်ပြီး သော့်ကိုဖြတ်ရိုက်ချလိုက်သည်။
သော် ကုတင်ပေါ် ပုံရက်သားပြုတ်ကျသွားတော့သည်။ သော့်ပါးစပ်မှသွေးများစီးကျလာသည်။
ရာဇာ သော့်ကို ခါးပတ်ချွတ်ကာ ထပ်ရိုက်သည်။
သော် လှိမ့်ပြီးရှောင်သည်။ ထိတော့ထိသည်။ နာပေမဲ့ ကုန်းရုန်းထတော့. . . .
သော့်ကို ခုဏရပ်နေသည့်လူက ဖိထားတော့သည်။
ကုတင်ပေါ်မှာ သော် ပက်လက်လန်ပြန်ကျသည်။

သော့်ကိုအကြမ်းပတမ်း အတင်းနမ်းဖို့လုပ်သည်။
သော် ခေါင်းကို ဘယ် ညာ လွှဲကာရှောင်သည်။
နောက်တစ်ယောက်က. . .သော့်ဆီဝင်လာကာ သော့်ခေါင်းကိုဖိထားသည်။ သော့်လက်တွေကိုချုပ်သည်။
သူတို့ရည်ရွယ်ချက်ကို သော် သဘောပေါက်လာတာမို့ကြောက်တာများ အခုပြန်တွေးရင်းတောင်ရင်တုန်လွန်းလှပါသည်ါ

သွားပြီ. . . .ဒီလိုနဲ့ သော် အရှုံးပေးလိုက်ရတော့မှာလား.. ..သော့်ဘဝ ရေတိမ်နစ်ရတော့မှာလား. . .
သော်ကို နှိပ်စက်ပြီးရင် ရောင်းစားဖို့ထိ လုပ်နေကြတာကရော တကယ်လား။
ပိုက်ဆံအမြဲလိုနေပြီး လူစိတ်မရှိသည့် ရာဇာသည် ဘာမဆိုလုပ်ရဲနေမှာပင်။

"ဟေ့ကောင်တွေ. . .မင်းတို့စိတ်ကြိုက်ပဲ. . .လုပ်ချင်သလိုလုပ်. . .သေတော့မသေစေနဲ့.. ရောင်းစားမရဖြစ်နေမယ်. . .ငါပိုက်ဆံလိုသေးတယ်. . ."

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now