part(27)

6.6K 442 6
                                    

Unicode

သော်... စာသင်ချိန်နားတာ နှစ်လရှိပြီ။
ဒါကြောင့် နားရက်များပြီးပြီဆိုတော့ သော့် ဆယ်တန်းအတွက် စာသင်ချိန်တွေပြန်စပြီ။
ကို အလုပ်သွားရင်. . .သော် အိမ်မှာစာသင်. . .စာကျက်ရင်း. . .အိမ်အလုပ်တွေလုပ်ရင်းပေါ့။
အောက်ထပ်ကအန်တီနှင့် သော်က ခင်နေပြီ။
အန်တီက ကို့ညီလေးဆိုပြီးသော့်ကို ချစ်သည်။
အန်တီနှင့်သော် အတူတူစျေးသွားဝယ်သည်။
သော့်အတွက် အဖိုးတန်နေ့ရက်များပါ။
ကို့ မေတ္တာရိပ်ကအေးချမ်းသည်.... လုံခြုံသည်။
ကို့နာမည်အရိပ်အောက်မှာ နေထိုင်ရခြင်းသည် သော့်အတွက် အပူသောကကင်းလှပါသည်။ သော်သည် ကို့ကို အပ်ဖျားတစ်ထောက်စာမျှပင် ညိုညင်ခြင်းမရှိ နေထိုင်ပါသည်။ ကို့သည် သော့်ကမ္ဘာဖြစ်သည်။
သော့်စိတ်နှလုံးမှအစ သော့်ခန္ဓာအထိ ကိုတစ်ယောက်ထဲ ပိုင်ဆိုင်ပါသည်။
.
.
.
.

မြတ်နိုး. . .ရဲရင့်ရဲ့ချစ်စကားကို တုံ့ပြန်ရန်အချိန်ယူစဥ်းစားမည်ဟုတွေးသည်။
သူကိုသိပ်မယုံရဲ။ သူ့သတင်းတွေကြားရတာလဲ ကောင်းတာမရှိခဲ့။ မြတ်နိုးနှင့် အလုပ်အတူလုပ်ကြရတဲ့အခါ သိပ်တော့ဆိုးသွမ်းသည်မဟုတ်ပေမဲ့. . .မယုံရဲ။
မမမြင့်မိုရ်သိမှာလဲစိုးရိမ်သည်။ ဆရာသိမှာလဲကြောက်သည်။
မြတ်နိုးလဲအရင်မြတ်နိုးမဟုတ်တော့။ စိတ်ဖိစီးမှုများကာ အမှားတချို့လုပ်မိသည်။

တစ်ရက်. . .မြတ်နိုး နှင့် ရဲရင့်အလုပ်ကိစ္စတစ်ခုနှင့် အပြင်ထွက်ဖို့ဖြစ်လာသည်။ ရဲရင့်ကတော့တက်ကြွစွာပင်။

ဖြစ်ချင်တော့ မြတ်နိုးတို့သွားသည့်နေရာတွင် မြတ်နိုးငယ်သူငယ်ချင်းတစ်ယောက်နှင့်ပြန်ဆုံသည်။ မြတ်နိုးကသူငယ်ချင်းနှင့်စကားရေပက်မဝင်အောင်ပြောကြသည်။ သဘောတကျရယ်ရင်းလက်တွေကိုင်လိုက် လက်မောင်းတွေရိုက်လိုက် လုပ်မိနေသည်။ သူငယိချင်းနှစ်ယောက်သတိမထားမိကြ။ ဘေးကလူက အူတိုပြီးဆူပုတ်နေတော့သည်။
အတန်ကြာစကားပြောပြီးမှ သူကြိုသတိရမိသည်။
မြတ်နိုးကိုမျက်စောင်းကြီးနှင့်ကြည့်နေတော့သည်။

" ခုန ဘယ်သူလဲ"
ကားပေါ်ပြန်ရောကိသည်နှင့်မေးတော့သည်။

"သူငယ်ချင်းပါ"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now