part(43)

5.1K 388 8
                                    

Unicode

ညနေရုံးဆင်းတော့....ရဲရင့် မိုးဦးကို စကားပြောဖို့ပြင်ရသည်။
မြတ်နိုးရော အပြင်မှာစောင့်နေသည်။
သူလဲ လိုအပ်ရင်တောင်းပန်ဖို့ပေါ့။

"အကို....အကိုမိုးဦး..." 

ရဲရင့်အသံတုန်တုန်နှင့်ခေါ်သည်။

"ဟင်.....အော ... ရဲရင့်...ပြောစရာရှိလို့လား"

"ကျွန်တော့်ကြောင့်အလုပ်ထွက်တာလား အကို....ဒါဆိုရင်တော့....ကိုမိုးဦးရယ်.....ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်....အေးချမ်း ကျွန်တော့်ကြောင့် ပြသနာဖြစ်ရတာပါ...."

"ဟာ....ရဲရင့်....မဟုတ်ပါဘူးကွာ.....အေး...အေး..sorry ငါ့ညီရာ....ကိုယ်တစ်ကယ်မတွေးမိခဲ့တာ....မင်းကြောင့်လို့ထင်သွားတာလား.... sorry ကွာ"

မိုးဦး ရဲရင့်ဘက်ကို မတွေးမိခဲ့ဘူးလေ။ ရဲရင့်ခမျာ သူ့ကြောင့်လို့တွေးနေမှာပေါ့။တကယ်က သော့်အတွက်ပဲတွေးခဲ့မိတာ....ရဲရင့်ဘက်ကို တွေးကိုမတွေးမိ။

"တကယ်လား..အကိုရာ...ကျွန်တော်စိတ်မကောင်းလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ"

"တကယ်ပါကွာ....တကယ်...မင်းကြောင့်မဟုတ်ပါဘူးကွာ"

ရဲရင့်ကို မိုးဦး အကျိုးအကြောင်းရှင်းပြထားလိုက်သည်။
သော် ရန်ကုန်မှာ အိမ်တွင်းပုန်းလုပ်နေလို့မဖြစ်ကြောင်း...အပြင်ထွက်ရင်လဲ မိုးဦးက စိတ်မချတော့။ ဒါကြောင့် ၂၄နာရီတူတူရှိရဖို့ ရန်ကုန်ကိုစွန့်ခွာချင်သည်ဖြစ်ကြောင်းပေါ့။

"အလုပ်က ရဲရင့်တို့ မြင့်မိုရ်တို့ မြတ်နိုးတို့ရှိနေလို့ ကိုယ်စိတ်ချပါတယ်....မသိတာ မရှင်းတာရှိရင် အချိန်မရွေးဖုန်းဆက်ပေါ့....ပြီးတော့....သော့်ကို ရန်ကုန်မှာမထားချင်တာကြောင့်ပါပဲ ကျန်တာဘာမှစိတ်ထဲမထားနဲ့..ရဲရင့်က ကိုယ့်ညီပဲလေ"

ရဲရင့်....ခေါင်းလေးညိမ့်ကာသာ။
.
.
.

"သော်....သည်းသော်လေး"

သော် စာလုပ်နေတာ....ကိုက ကုတင်ကနေလှမ်းခေါ်နေတာပါ။

"ဗျာ...ကို...အိပ်နှင့်ပါလား"

"သော် စာပြီးတော့မှာလား.....ကို ပြောစရာရှိလို့"

"ဒါဆို ခဏပဲနော်.....ကို"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now