part(35)

5.7K 405 5
                                    

သော်က ဘုရားကပြန်လာတော့ မိတ်ဆွေဟောင်းကိုတွေ့ခဲ့ရလို့လားမသိ။ မိုးဦးကို သူလုပ်ခဲ့ရတဲ့အလုပ်အကြောင်း စိတ်လိုလက်ရပြောပြတော့သည်။

မိုးဦးက သော်ပြောပြတော့လဲ သော့်အကြောင်းပိုသိရ သော့်ကို ပိုနားလည်ရသည်။
ပြောမပြခဲ့ရင်လဲ မေးသင့်သလောက်သာမေးသူပါ။ သူသော့်ကို အချိန်မှီသွားမခေါ်မိတဲ့နောက် သော့်မှာ ထင်မှတ်မထားရလောက်အောင်ကြမ်းသောလမ်းကိုလျှောက်ခဲ့ရသည်ပဲ။

ကိစ္စတွေက တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာဆိုပေမဲ့...သော် ပင်ပန်းခဲ့ရသည်ကို တွေးမိတိုင်း အပြစ်ရှိသူလိုခံစားရသည်။
ဒါကြောင့် ခုတော့ သော့်ကို နာကျင်မှာ ပင်ပန်းမှာစိုးရိမ်သည်။ မိုးဦး ဆထက်တပိုးတိုး၍စောင့်ရှောက်မည်။ ချစ်မည်။ သူ့အရိပ်အောက်တွင် သော် မြူမှုန်တစ်စလောက်မှ မကြောင့်ကြစေချင်ပါ။

တကယ်ဆို သော်က ငယ်ငယ်ကတည်းက နူးညံ့သူ သိမ့်မွေ့သူ အားငယ်တတ်သူ လူကြောက်တတ်သည်လေ။ ဒီလိုကလေးက သူစိမ်းပြင်ပြင်တွေကြားထဲ ဘယ်လိုစိတ်နဲ့နေထိုင်ခဲ့သည်တဲ့လဲ။ ခုလို သော့်အပေါ်ကောင်းတဲ့လူတွေနဲ့ တွေ့ကြုံခဲ့ရသည်ဆိုတော့...မိုးဦးမှာ ခုမှတွေ့ရသည်ဖြစ်သော်လည်း ဦးလေးသန်းကို အကြိမ်ကြိမ်ကျေးဇူးတင်နေရသည်။

"ကို...သိလား..."

"အင်း...."

"ပွဲရုံကိုရောက်တော့လေ...သော်က ပစ္စည်းတွေသယ်ရတာ သော် မသယ်နိုင်ဘူး...ခဏ ခဏ ချော်လဲတာ"

". . . . . . "

"နောက်တော့ ဦးလေးသန်းက...သူမောင်းတဲ့ကားမှာ သော့်ကိုအကူခေါ်မယ်လို့ ပိုင်ရှင်ကိုပြောပြီးခေါ်ထားပေးတာ...သော် အသက်အငယ်ဆုံးလေ...အားလုံးသော့်ကိုချစ်ကြပါတယ်....သော်က ပိုက်ဆံတော့သိပ်မရဘူး...အလုပ်မှမလုပ်နိုင်တာကို...ဦးလေးသန်းက သော့်ကို စောင့်ရှောက်ခဲ့တာ..."

"သော့်ကို ချစ်ပုံပါပဲ..ကို. .ကြည့်တာနဲ့သိပါတယ် "

"ဟုတ်တယ်....သော်နဲ့ရွယ်တူ သားရှိတယ်လေ အဲ့ဒါကြောင့်...သော့်ကိုချစ်တာ"

"ဦးလေးသန်းတို့ရွာလေ...သော်အလည်ရောက်ဖူးတယ်...အရမ်းပျော်စရာကောင်းတယ်...သော်တို့တစ်ခေါက်လောက်သဘားရအောင်...ကို"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now