part(23)

7.6K 554 17
                                    

Unicode

ဒီနေ့တော့ ရဲရင့် အေးချမ်းဆီကို ဝင်သည်။
မတွေ့တာလဲကြာ. . .စွာစွာစိအကြောင်းလဲတိုင်ပင်ချင်လို့။

"အေးချမ်း. . .ဘယ်လိုလဲ. . .အဆင်ပြေလား"

"ပြေတယ်. . .မင်း. . .အလုပ်ရော"

"ပြေပါတယ်ကွာ. . .ကိုမိုးဦးရှိတာပဲ အကုန်သင်ပေးပါတယ်. .ငါ.. .မင်းနဲ့တိုင်ပင်စရာရှိလို့"

"ဘာလဲကွ"

"မြတ်နိုးလေ. . . ."

ရဲရင့် မြတ်နိုးအကြောင်း ပြောပြသည်။

အေးချမ်းကတော့ ကိုယ့်ဘက်ကသေချာရင် ဖွင့်ပြောဖို့သာပြောသည်။ မသေချာရင် မြတ်နိုးအတွက်ရော ရဲရင့်အတွက်ရော မကောင်းဘူးလေ။
ခုဆို. . .လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေကြပြီ။
ရဲရင့်ကတော့သူ့ဘက်ကလုံးဝသေချာကြောင်းပြောသည်။
ရဲရင့်အတွက် ​သော် ဝမ်းသာသည်။
အလုပ်နှင့်အကိုင်နှင့်ဆိုတော့ ရဲရင့်က တကယ့်လူကြီးလေးလို။
ရဲရင့်က ဆိုးသည်ဟုနာမည်ကြီးသော်လည်း အနီးကပ်ပေါင်းသင်းနေသူတွေဆိုတော့ ရဲရင့်အကြောင်း သော်သိပါသည်။ ရဲရင့် စိတ်ရင်းကမဆိုးဘူး။

သော် အားကျမိပါသည်။ ကို့ ကိုလဲကျေးဇူးတင်သည်။
သော့်ကို ပညာတတ်ဖြစ်ဖို့ရည်ရွယ်ပြီးအားလုံးလုပ်ပေးရှာသည်။ သော့် စိတ်အတိုင်းပေတေနေခဲ့ရင် ရဲရင့်တို့ နန္ဒတို့နှင့်ကြာလေ ဝေးလေဖြစ်ပြီး. . .ကေသရီတို့နှင့်သာရှိနေရအုံးမဲ့အခြေအနေ။
ကို က သော့်ရဲ့ဘဝကို စီမံသူ။
သော်က ကို့ကိုယုံကြည်ပြီးလိုက်ခဲ့ရုံသာ။
ရဲရင့်သည်လဲ ကို့သင်ကြားပြသပေးမှုနှင့် အားကိုးထိုက်သော လူကောင်းလေးတစ်ယောက်ဖြစ်နေလေပြီ။

သော်. . .ရဲရင့်ကို မေးသည်။

"ရဲရင့်. . .မင်းတမျိုးမထင်နဲ့နော်. . .ငါမေးစရာရှိလို့"

"ထင်စရာလား. . မေး"

"ဟို. . .အစ်မမြင့်မိုရ်နဲ့ကိုမိုးဦးက. . ."

"အေးကွ. . .လူကြီးတွေကဖြစ်စေချင်ကြတာကွ. . .
တရားဝင်တော့မပြောခဲ့ရဘူးပေါ့ကွာ. . .ကိုမိုးဦး ဆယ်တန်းဖြေပြီး သူ့အဖေဆုံးတာလေ. . .စာမေးပွဲနဲ့ကပ်သီးလေးလွတ်တာကွ...မဟုတ်ရင် ကိုမိုးဦးဆက်ဖြေနိုင်ပါ့မလားပဲ"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now