part(4)

8.2K 692 3
                                    

Unicode

အိမ်ပြန်ရောက်တာနဲ့ သော် ဖွားအခန်းထဲဝင်ပြီး ဖွားရှေ့မှာ အားရအောင်ငိုတော့တာပါ။ အဖေအမေမရှိတော့တဲ့အချိန်ဖွားဆီရောက်စက သော် ငိုတယ်။ ဖွားနားမှာပဲသော်ငိုတယ်။ ဖွားကိုမေးတယ် မေမေရော ဖေဖေရော သားကိုဘယ်တော့လာခေါ်မှာလဲ. . .ဖွားက ခဏပေါ့မြေးရယ်. . .ဖွားရှိပါတယ်. . .ဖွားနဲ့နေပါအုံး. . .ဖွားကမြေးကိုတွေ့ချင်နေတာကြာပြီ. . .ဆိုပြီးအမြဲချော့တယ်။ ကလေးပီပီ အရုပ် မုန့်တွေ့ရင်စိတ်ပြောင်းသွားပြန်ရော. . .ကြီးဒေါ်ရှိပေမဲ့ အနားတောင်အကပ်မခံ. . .အိမ်ဖော်မသားတဲ့လေ. . .သော် မသိပါဘူး. . .အိမ်ဖော်ကဘာလဲဆိုတာ. . .သော် နဲနဲအသက်ကြီးလာမှသိတာပါ။ သိသိချင်းလဲ သော်ငိုတာပဲ။ အဲ့ချိန်မှာတော့ ဖေဖေနဲ့မေမေ သော့်ကိုဘယ်တော့မှလာပြန်မခေါ်နိုင်တာကို သော် သိခဲ့ပြီလေ။ ဖွားလိုပဲ သော့်ဘက်မှာအမြဲရပ်တည်ပြီး သော့်ကိုချစ်ပေးခဲ့တာ. . .အန်တီမေမေနဲ့ကိုကိုကြီးပါ။ သော့်ဘဝမှာ ကိုကိုကြီးကိုအားကိုးဆုံး. . .ကိုကိုကြီးအနားမှာရှိရင်သော်မကြောက်ဘူး. . .ကိုကိုကြီးရဲ့ခြေသံ. . .ကိုကိုကြီးရဲ့ကိုယ်သင်းနံ့. . .ကိုကိုကြီးအကြိုက်. . .အားလုံးသော့်အတွက်အရေးပါတယ်. . .သော်ရဲ့ မသိစိတ်ရောသိစိတ်ပါ ပုံအပ်ထားရတဲ့ ကိုကိုကြီးပါ။

ငိုနေတဲ့မြေးငယ်ကိုကြည့်ရင်း ဖွားစိန် စိတ်မကောင်းရုံသာ။

"ဖွားမြေး. . .ငိုလိုက်တာကွယ်. . .မောနေပြီ"

"ဖွား.. .သားရန်ကုန်ကိုလိုက်လို့ရအောင် အန်တီမေ့ကိုကူပြောပေးပါလား ဖွားရယ်"

"ဖွားမြေးက... ဖွားကိုတော့ခွဲနိုင်တယ်ပေါ့လေ"

ဖွားကိုသော်ကြည့်ရင်း. ..

"သား. . .သား. . . သားလေ.. ."

ဆက်မပြောနိုင်ရှာတော့။

ဖွားက သော့်အပေါ်အချစ်ပို အသနားပိုခဲ့တာ။
သော့်ကိုမကြည်ဖြူသူတွေကြား တံတိုင်းလိုကာရံပေးထားတဲ့သူ. . .သော်. . .ဖွားကိုထားခဲ့လို့မဖြစ်ပါ။ ဖွားကအရင်လိုမဟုတ်. .. ရင်ကျပ်ကပိုပိုဆိုးလာနေတာ
ဖွားရဲ့သမီး မိသားစုက ဖွားကို ငွေလိုလို့ဖွားပစ္စည်းတစ်ခုရောင်းချင်ရင်သာအခန်းထဲရောက်လာတာ။တစ်အိမ်ထဲနေတာတောင် နေ့တိုင်းလာဖော်မရ။ သူတို့ကိစ္စသာအရေးကြီးဆုံး. . .ဒီအိမ်တောင်ဖွားနာမည်နဲ့အိမ်မို့လို့ သော်နေခွင့်ရတာ။ မဟုတ်ရင် သော် လမ်းဘေးအိပ်ရမလားတောင်မသိ။ ဒီလိုမိသားစုနဲ့တော့ သော်လဲဖွားကိုထားခဲ့ဖို့မဖြစ်နိုင်ပါ။ ကိုကိုကြီးကိုတွေးမိရင် ခွဲခွာရတဲ့ခံစားချက်ပြင်းထန်လွန်းလို့ သော် ပြောမိပြောရာ ပြောမိတာပါ။ တကယ်တော့ သော့်ဘဝက သော့်စိတ်ကြိုက်ဘယ်မှာဖြစ်ခွင့်ရလို့လဲ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now