🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1

6.9K 721 5
                                    

🐹ဟမ်းစတားလေးရှုရှု🐹-(Unicode)

ဂတ်စ်ဂြိုဟ်သည် သားရဲလူသားအင်ပါယာ၏ဝေးလံခေါင်သီသောအရပ်တွင်ရှိ၏။ ဂတ်စ်ဂြိုဟ်၏နည်းပညာများမှာ ခေတ်နောက်ကျသော်လည်း ၎င်း၏ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်ပြီး သစ်ပင်ပန်းမာန်များ၉၀% အထိဖုံးလွှမ်းလျက်ရှိလေ၏။ ဤအကြောင်းကြောင့် မြို့ပြ၏လူနေမှုဘဝကို မနှစ်သက်သူသားရဲလူသားများက ဂတ်စ်ဂြိုဟ်တွင်သာ နေထိုင်ရန်ရွေးချယ်ကြ​၏။ ဂြိုဟ်ပေါ်တွင် အင်ပါယာတစ်ခုလုံး၏ အကြီးမားဆုံး သက်ကြီးရွယ်အိုစောင့်ရှောက်သည့်ဂေဟာရှိပြီး လက်မထပ်ရသေးသည့်သားရဲလူသားအိုများကလည်း အခြေချနေထိုင်ကြတော့၏။

သားရဲလူသားများ ဂက်စ်ဂြိုဟ်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာနေပြီဖြစ်သည်။ သို့သော်ဂက်စ်ဂြိုဟ်၏တည်နေရာမှာ မြို့တော်မှ အလွန်ဝေးလံခေါင်သီလှသဖြင့် နေထိုင်သူဦးရေမှာ သန်းဂဏန်းကျော်ကျော်သာရှိလေသည်။ ထိုသူတို့မှာလည်း ဂက်စ်ဂြိုဟ်၏ ထောင့်တစ်နေရာစာတွင်သာ နေထိုင်နိုင်ကြ၏။

အခြေချနေထိုင်သည့်နေရာလေးမှလွဲ၍ ဂက်စ်ဂြိုဟ်၏အခြားကျန်ရှိနေသေးသောနေရာများမှာ စိမ်းလန်းသောသစ်ပင်များဖြင့် ဖုံးလွှမ်းနေ၏။ စိမ်းလန်းစိုပြေသောကမ္ဘာဦးသစ်တောများနှင့် ပင်လယ်ပြင်ကျယ်ကြီးများက ဂတ်စ်ဂြိုဟ်ကိုဝိုင်းရံထားလေသည်။ ကောင်းကင်မှနေ၍ ငုံ့ကြည့်လိုက်လျှင် ဂြိုဟ်တစ်ခုလုံးမှာ အစိမ်းရောင်နှင့်အပြာရောင်ရောယှက်ကာ လှပနေသည်ကို အသက်ရှုမှားဖွယ် မြင်တွေ့နိုင်၏။ လှပကာ စိမ်းလန်းလှသော ဂြိုဟ်တစ်ခုဖြစ်လေသည်။

........🐹......🐹......🐹........

ယနေ့

ဂတ်စ်ဂြိုဟ်၏ကမ္ဘာဦးသစ်တောအပေါ်ရှိ လေထုမှာ ရုတ်တရက်တွန့်လိပ်လာသည်။ အစပိုင်းတွင် နေရာအနည်းငယ် ပုံပျက်နေသော်လည်း နောက်ပိုင်းတွင် တွန့်လိပ်နေသောအကွာအဝေးမှာ ပို၍ကျယ်ပြန့်လာ၏။ တဖြည်းဖြည်းနှင့် ကီလိုမီတာအနည်းငယ်အထိကျယ်ဝန်းလာပြီး ဝဲဂယက်သဖွယ်ဖြစ်လာကာ ကျိုးပဲ့ပျက်စီးနေသည့် စက်ရုပ်ယာဥ်ပျံတစ်ခုက ဝဲဂယက်ထဲမှ သစ်တောထဲရှိရေအိုင်လေးထဲသို့ ထိုးကျသွားလေသည်။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now