🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ

2.4K 572 5
                                    

(Unicode)

အက်ဂါမှာ ရက်ပေါင်းများစွာပင်ပန်းခဲ့ရ၏။ ထို့ကြောင့် သူကပင်ပန်းလွန်းပြီး အိပ်ပျော်တော့မည့်ဆဲဆဲတွင် သူ၏အမြီးအားလွှင့်ပစ်ခံလိုက်ရ၍ ချက်ချင်းနိုးသွားရ၏။

သားရဲတစ်ပိုင်းလူသားငယ်လေးမှာ သုံးရက်တိတိမေ့မြောနေခဲ့၏။ ထိုအချိန်အတွင်း အက်ဂါက ထိုအကောင်ငယ်လေးပြဿနာတစ်စုံတစ်ရာတက်မည်ဆိုး၍ မျက်ခြေမပျက်စောင့်ကြပ်ပေးနေခဲ့၏။ ယခု သားရဲတစ်ပိုင်းလူသားငယ်လေးနိုးလာပြီဖြစ်၍ အက်ဂါမှာ မပျော်စဖူးအပျော်ထူးနေလေသည်။

 အက်ဂါက အလွန်ပျော်နေမိသော်လည်း ယခုသူထွက်သွားသင့်ပြီကိုလည်း သူသိလေသည်။

 ဤသုံးရက်အတွင်း သားရဲတစ်ပိုင်းလူသားငယ်လေးက အိပ်မက်ဆိုးများဆက်တိုက်မက်နေကာ...အိပ်ရင်းတန်းလန်းပင် "ကျွန်တော့်ကို
..မစားပါနဲ့....မစားပါနဲ့ "ဟု ထပ်ခါတလဲလဲအော်ညည်းနေခဲ့၏။ အက်ဂါက ထိုအကောင်ငယ်လေး ပြောသည်ကိုလုံးလုံးနားမလည်ပါသော်လည်း ယခင်သူ့အားဆေးထည့်ပေးစဥ်က ထိုစကားမျိုးပြောခဲ့ဖူးသည်ကို သူမှတ်မိလေ၏။

သားရဲတစ်ပိုင်းလးသားငယ်လေးက မေ့မျောနေရင်း တုန်ယင်နေတတ်ကာ တစ်ခါတစ်ရံတစ်ကိုယ်လုံးလည်း တောင့်တင်းနေတတ်၏။ သားရဲတစ်ပိုင်းအကောင်ငယ်လေး အကြောက်ဆုံးမှာ သူကိုယ်တိုင်ဖြစ်ကြောင်း အက်ဂါကောင်းကောင်းသိ၏။

 ထို့ကြောင့် အက်ဂါ၏နှလုံးသားလေးမှာ နာကျင်ကွဲကြေနေရ၏။ အကယ်၍သာ ထိုအကောင်ငယ်လေးသူ၏စောင့်ရှောက်မှုအား မလိုအပ်ခဲ့လျှင်၊ ထိုအကောင်ငယ်လေး သူ၏အမြီးအား ဖက်ကိုင်ထား၍ သူထွက်သွားနိုင်စွမ်း မရှိခဲ့လျှင်၊ သူဤဂူတွင် မျက်နှာပြောင်တိုက်၍ဆက်နေမည်မဟုတ်ပေ။

 ယခု သားရဲတစ်ပိုင်းလူသားငယ်လေး နိုးလာပြီဖြစ်၍ သူထွက်သွားတော့မည်။ သူ၏အမြီးလေးအား သူ့အနားပြန်ကပ်လိုက်ပြီး အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေး၏ ဂူထဲမှ လျှောတိုက်ထွက်ခွာသွားလေသည်။

..........🐍🐍🐍🐍🐍🐍.............

ရှုရှုက မြွေကြီးထွက်သွားသည်ကို လုံးဝသတိမထားမိခဲ့ပေ။ သူကအိပ်မက်ကြောင့် အကြောက်လွန်နေခဲ့ပြီး သူ၏ဦးနှောက်ကလေး၏ လုပ်ဆောင်နိုင်စွမ်းမှာ ​နှေးကွေးနေခဲ့၏။ ထိုအချိန်တွင် အနီရောင်ပုတီးစေ့လေးဆီမှ သတင်းအချက်အလက်များကို သူရရှိလိုက်၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now