✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨

2.3K 522 19
                                    

✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨

(Unicode)

အက်ဂါ၏လက်ထဲတွင် အာကာသယာဥ်သုံးစင်းရှိနေသော်လည်း အက်ဂါက ကြယ်ဓားပြများကိုအခြားအာကာသယာဥ်ပေါ် မထားလိုပေ။ သူက ကြယ်ဓားပြများ တနည်းနည်းနှင့် အာကာသယာဥ်ကို ပြန်လု၍ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် ကုန်တင်အာကာသယာဥ်၏ အောက်ခြေနားရှိ ကုန်လှောင်အခန်းထဲ ချုပ်နှောင်ထားလေသည်။

 ကြယ်ဓားပြများ၏ လက်နက်များကိုလည်း သိမ်းဆည်းထားပြီး ပါးလွှာသော အဝတ်များကိုသာ ဝတ်ခွင့်ပြုထား၏။ ထိုဓားပြများ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ခုဖုံးကွယ်ထားလျှင်ပင် စစ်သားများ၏အနီးကပ်စောင့်ကြပ်မှုအောက်တွင် သူတို့လွတ်မြောက်နိုင်မည်မဟုတ်ပေ။

 အက်ဂါက အောက်ဆုံးထပ်ဆီဆင်းလာပြီနောက် လုံခြုံရေးကင်မရာမှတစ်ဆင့် ဓားပြများ၏အပြုအမူများကို စောင့်ကြည့်နေသလို၊ ကုန်လှောင်တံခါးပေါက်နားတွင် စောင့်ကြပ်နေကြသော ဂျေရက်နှင့်သူ၏အဖွဲ့အား တွေ့လိုက်ရ၏။ ကင်မရာများက ကုန်လှောင်ရုံထဲတွင် ကောင်းမွန်စွာတပ်ဆင်ထား၍ ဓားပြများ၏ အပြုအမူအသေးစိတ်ကို ကောင်းစွာ စောင့်ကြည့်နိုင်လေသည်။

"အရှင့်သား.." အက်ဂါဆင်းလာသည်ကိုတွေ့လိုက်ရ၍ ဂျေရက်တို့က ရည်မွန်စွာဖြင့် စနစ်တကျနှုတ်ဆက်လိုက်ကြ၏။

 "မင်းတို့ကောင်းကောင်းလုပ်ခဲ့တယ်" အက်ဂါက နှုတ်ဆက်ကြသည့်သူများကို ခေါင်းညိတ်၍ အသိမှတ်ပြုကာ ပြောလိုက်ပြီး  ကုန်လှောင်ရုံတံခါးကို ဖွင့်ကာ အထဲဝင်သွားလိုက်လေသည်။

......🐍👑🐍👑🐍👑🐍.......

 အက်ဂါ၏အဖမ်းခံလိုက်ရသော ဓားပြအဖွဲ့အသစ်မှာ စိတ်ဓာတ်အကျကြီးကျနေကြသလို အလွန်လည်းစိတ်တိုနေကြ၏။ ကြယ်ဓားပြအဖြစ်မှ ရုတ်တရက်အဆင့်ကျပြီး ထောင်နန်းစံနေရသည့်အဖြစ်ကိုသူတို့ ယခုထိလက်မခံနိုင်သေးပေ။

 ကမီရယ်တို့အဖွဲ့ကတော့ သိပ်ပြီး ခံစားချက်မပြင်းထန်ကြပေ။ သူတို့အဖွဲ့က အင်အားနည်းသည့်သူများသာဖြစ်၏။ ပထမဆုံးအဖမ်းခံရစဥ်က အနည်းငယ်မကျေမချမ်းဖြစ်မိကြသော်လည်း မီးတောက်ကြယ်ဓားပြအဖွဲ့သားများအဖမ်းခံရသည်ကို တွေ့လိုက်ရပြီးနောက် သူတို့အဖမ်းခံရသည်မှာ ဘာမျှမဟုတ်တော့ဟု ခံစားမိလိုက်ကြလေသည်။ သို့သော်လည်း မီးတောက်ကြယ်ဓားပြအဖွဲ့မှ လူများမှာ ယခုထိ လက်ရှိအခြေအနေကို လက်မခံနိုင်ကြသေးပေ။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now