🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹

2.5K 587 8
                                    

(Unicode)

မြွေကြီးက ကျားကိုလည်း ဒီအတိုင်းစားချင်မည်မဟုတ်လောက်ပေ။ ရှုရှုက အတွေးလွန်နေလေသည်။ သူက ကျားကြီးကိုမကိုင်မီ မြွေကြီးနှင့် ဝေးရာဆီဆွဲသွားချင်မိ၏။ သို့သော် ကြီးလွန်းသည့်ကျားကြီးအား သူမဆွဲနိုင်ပါချေ။

မြွေကြီးအား ခိုးကြည့်လိုက်တော့ မလှုပ်သည့်အတွက် ရှုရှုကအချိန်မဆွဲရဲပဲ ကျားကိုကိုင်ဖို့ပြင်ရတော့၏။ သူကျားအရေခွံကို ခွာယူချင်လှ၏။

ရှုရှုက ကျားပေါ်ခြေထောက်တစ်ဖက်တင်လိုက်ပြီး လက်နှစ်ဖက်သုံးကာ ကျားအရေခွံအား ဆွဲဖြဲနေ၏။ သို့သော်လည်း ကျားအရေခွံသေးသေးလေးပင် ကွာကျမလာသေးပေ။ ထို့အစား သူကိုယ်တိုင်ပင် သတိလက်လွတ်ဖင်ထိုင်ရက်လေးပြုတ်ကျသွားသည့်အပြင် သူ၏လက်သည်းချွန်လေးများပင် နာကျင်သွားရသည်။

သူ၏လက်သည်းချွန်လေးများအားကြည့်လိုက်ပြီး ရှုရှုနှုတ်ခမ်းလေးတွန့်သွားရ၏။

" ကျားအရေခွံက ထူလွန်းနေတယ်"

ရှုရှုမှာ သူ၏အကြံကိုစွန့်လွှတ်ကာ ကျားကိုယ်ပေါ်မှ မြွေကိုက်ထားသည့်ဒဏ်ရာပေါက်အားဖြဲကာ ကျားအသားကို ထုတ်ယူလိုက်၏။

ပုံမှန်အတိုင်းဆိုလျှင် ကျားအသားမှာ ခွာရခက်သည့်အရေခွံနှင့်မတူပေ။ ရှုရှုက ကျား၏ဗိုက်မှ အသားများကို ဖြတ်ယူနိုင်ရန် အာရုံစိုက်ကာလုပ်နေ၏။

အက်ဂါကမျက်လုံးဖွင့်ကာ ဂရုတစိုက်ကြည့်လိုက်နေပြီး သားရဲတစ်ပိုင်းလူသားလေး ဖင်ထိုင်ရက်သားပြုတ်ကျသည်ကပင် အလွန်ချစ်စဖွယ်ကောင်းကြောင်းသိလိုက်ရ၏။ သားရဲတစ်ပိုင်းလူသားများက သူတို့၏သားရဲပုံစံကိုမပြောင်းလဲနိုင်သော်လည်း သူတို့၏ကိုယ်ပေါ်တွင် သားရဲ၏အစိတ်အပိုင်းများရှိကြ၏။ အချို့ကရှုရှုကဲ့သို့ လက်သည်းချွန်လေးများ ထုတ်နိုင်၊သိမ်းနိုင်ကြ၏။ သို့သော်လည်း သားရဲတစ်ပိုင်းလူသားများ၏ လက်သည်းများမှာ အဆင်တန်ဆာများကဲ့သို့သာဖြစ်နေတတ်၏။ လူပုံစံသားရဲလူသားအား ခြစ်ကုတ်နိုင်သော်လည်း သားရဲကောင်တို့၏အရေပြားအားထိုးဖောက်ရန် အသုံးပြု၍မရနိုင်ပေ။ ဤအကောင်ငယ်လေးက ဘာမှကို နားမလည်ဘူးပဲ။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now