💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားပြောသင်ပေးနေသည်🐹💖

2.5K 608 19
                                    


(Unicode)

ရှုရှုစိတ်ထင်နေ၍လားမသိ...မြွေကြီး၏ဒဏ်ရာဆီသို့ စိတ်ဝိညာဥ်စွမ်းအားအားပေးပို့နေစဥ် မြွေကြီး၏ဒဏ်ရာများမှာ သက်သာလာကြောင်းတွေ့လိုက်ရ၏။

စိတ်ဝိညာဥ်စွမ်းအားက...ဒဏ်ရာကိုကုသနိုင်တယ်။ ရှုရှုက အံ့အားသင့်သည့်အမူအရာလေးဖြစ်နေ၏။ ရှုရှုက သူ၏စွမ်းအားများကိုပို၍ထည်ပေးရန် ပြင်လိုက်သော်လည်း သူ့ကိုယ်ထဲရှိ စွမ်းအားများမှာ ကုန်ခမ်းသွားပြီဖြစ်၏။

ရှုရှုက သူ၏လက်ကို ခါးသက်သက်စိုက်ကြည့်လိုက်ပြီး အလွန်အမင်းစိတ်ဓာတ်ကျနေရ၏။ ဟမ်းစတားတစ်ကောင်ဖြစ်နေတုန်းကပင် သူ့ကိုယ်ထဲ စွမ်းအားအများကြီးရှိခဲ့၏။ သူက စိတ်ဝိညာဥ်စွမ်းအားဖြင့် လေကိုထိန်းချုပ်ကာ သူ့ကိုယ်သူအေးမြအောင်လုပ်ခဲ့ဖူး၏။ ယခုလူဖြစ်ပြီးနောက် ရှိသည့်စွမ်းအားမှာ နည်းပါးလွန်းကာ တစ်ခဏအတွင်းကုန်ခမ်းသွားရ၏။

ရှုရှုက သက်ပြင်းကြီး လေးပင်စွာချကာ ထိုင်လိုက်ပြီး စတင်ကျင့်ကြံလိုက်၏။

သူ့ထံ၌ စိတ်ဝိညာဥ်စွမ်းအားအနည်းငယ်စုဆောင်းနိုင်ပြီး ရှုရှုက ကျင့်ကြံပြီးစွမ်းအားနည်းနည်းစုမိလျှင်ပင် မြွေကြီးထဲသို့ ထည့်ပေးလိုက် ပြန်စုလိုက်၊ ထည့်ပေးလိုက်နှင့် လုပ်နေလေသည်။

အကြိမ်များစွာလုပ်ပေးပြီးနောက် မြွေကြီး၏ကိုယ်ပေါ်မှ ဒဏ်ရာများမှာ ချက်ချင်းပင် ကြည့်ပျော်ရှုပျော်အနေအထားသို့ ကောင်းမွန်လာလေ၏။ ရှုရှုက ကျင့်ကြံနေသည်ဟု မယူဆပဲ မြွေကြီးအားကုသပေးရန် လုပ်နေခြင်းဖြစ်သည်ဟု ယူဆကာ ကြာလာတော့ပျင်းလာလေ၏။ ထို့ကြောင့် သူ၏တွင်းလေးထဲမှ လက်မအရွယ်သစ်ကိုင်းချောင်းလေးအား ထုတ်ကာ တမြုံမြုံကိုက်နေရင်း မြွေကြီး၏ဒဏ်ရာများထဲ စိတ်ဝိညာဥ်စွမ်းအားများ ထည့်ပေးနေ၏။

ရှုရှုအစာရှာထွက်စဥ်က ဤသစ်ချောင်းလေးအားတွေ့ခဲ့ခြင်းဖြစ်၏။ ထိုအချိန်က သစ်ချောင်းလေး၏ရနံ့မှာ အလွန်ကောင်းမွန်သည်ဟု သူခံစားခဲ့ရ၏။ ထို့ကြောင့် ထိုသစ်ခက်အားကိုက်ကြည့်ခဲ့ရာ ချိုမြိန်သည့်အရည်လေးများထွက်လာပြီး ရှုရှုအလွန်သဘောကျမိသွား၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now