2.2K 561 7
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍
(Unicode)
 တောထဲမှ ဋ္ဌာနချုပ်သို့သွားရာလမ်းတစ်လျှောက်တွင် အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေး ဋ္ဌာနချုပ်သို့ရောက်ပြီးနောက် မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို အချိန်ယူစဥ်းစားနေလေသည်။ သူနှင့်သားရဲတစ်ပိုင်းလူသားငယ်လေး၏ ID နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏မိဘများအား မည်သို့မည်ပုံဆက်သွယ်ရမည်၊ သူ့အပေါ် သစ္စာဖောက်သည့်သူအား မည်သို့ရှာရမည် ဟူ၍ တစ်လျှောက်လုံးစဥ်းစားနေခဲ့၏။ သူက အရာရာတိုင်းအတွက် အဖြေရှာခဲ့သော်လည်း သင့်တော်သည့်အဖြေကိုမရခဲ့ပေ။ ယခုတော့ သူဂျွန်းကိုတွေ့လိုက်ရပြီဖြစ်၍ စိတ်သက်သာရာရသွားတော့၏။
 ဂျွန်းက သူ၏တော်ဝင်ကြင်ယာတော်ဖေဖေ၏ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်၏။
ကြင်ယာတော်ဖေဖေမှာ ကြယ်မြို့တော်နှင့်ဝေးကွာသောဂြိုဟ်တစ်ခုမှဖြစ်ကာ လူလတ်တန်းစားမိသားစုမှဆင်းသက်လာပြီး ဂျွန်းနှင့်အတန်းဖော်ဖြစ်ခဲ့ဖူးလေသည်။
ဂျွန်းက သူ၏ကြင်ယာတော်ဖေဖေထက် ပို၍ဆိုးဝါးသော မိသားစုမှဆင်းသက်လာ၏။ ဂျွန်းငယ်စဥ်ကတည်းက သူတို့၏မိသားစုက ဆင်းရဲလှ၏။ ထို့ကြောင့် တက္ကသိုလ်တက်ရန်ပင် ပိုက်ဆံမရှိခဲ့ပေ။ သို့သော် ဂျွန်းကဘယ်သောအခါမျှလက်မလျော့ခဲ့ပေ။ သူက အသက်ဆယ့်ရှစ်နှစ်တွင် တပ်ထဲဝင်ကာ သူနာပြုတစ်ဦးအဖြစ်လုပ်ဆောင်ခဲ့၏။ ထို့နောက် တပ်ထဲမှဆရာဝန်တစ်ဦးနောက် တစ်ကောက်ကောက်လိုက်ပြီး ဆေးပညာကိုအပြင်းအထန်သင်ယူခဲ့၏။ ထို့ကြောင့် သူက နာမည်ကြီးဆေးရုံများစွာသို့ ထောက်ခံချက်ဖြင့် သွားရောက်လေ့လာနိုင်ခဲ့လေသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ဂျွန်းက အတော်ဆုံးခွဲစိတ်ဆရာဝန်ဖြစ်လာခဲ့လေသည်။ သူက သားရဲ အမျိုးအစားအလိုက် ခွဲစိတ်ပြီးချုပ်ရိုးချုပ်ပုံများအကြောင်း သုတေတနပြုကာ စာတမ်းထုတ်ဝေခဲ့၏။ ထို့အပြင် ဒဏ်ရာရပြီး လူသားအဖြစ်မပြောင်းနိုင်သေးသော သားရဲများအား ခွဲစိတ်ကုသရာ၌ ထိပ်တန်းကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။ သားရဲအင်ပါယာတွင်လည်း ဂျွန်းက ဆေးပညာလောကတွင် အတော်ဆုံးတစ်ယောက်ဖြစ်လေသည်။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now