✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ပြန်လည်ပေါင်းစည်ြး

2.4K 562 7
                                    

✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨

(Unicode)

ဘေးပတ်ဝန်းကျင်မှ လူများငြိမ်ကျသွားပြီး အခြေအနေတည်ငြိမ်သွားကာ သူတို့၏လမ်းကိုထပ်၍မပိတ်ရပ်ကြတော့သလို နှစ်ကိုယ်ချင်းယှဥ်တိုက်ခိုက်ပွဲကိုလည်း ဖြေရှင်းပြီးပြီဖြစ်၍ အခြားလုပ်စရာမရှိတော့ပေ။

 အက်ဂါက လူအုပ်ကြီးထဲလှမ်းကာ ခေါ်လိုက်၏။ "ကယ်ဗင်..."

 "ရှိ.." အပြစ်အနာအဆာကင်းပြီးချောမောသောမျက်နှာနှင့် ကယ်ဗင်က သားရဲတစ်ပိုင်းလူသားအုပ်ကြားမှ ထွက်လာကာ အက်ဂါ့ရှေ့ရောက်လာလေသည်။

 "ကြယ်ဓားပြတွေကို မင်းလက်ထဲအပ်လိုက်ပြီ။ ပြီးတော့ ဒီနေ့သားရဲအသွင်ပြောင်းသွားတဲ့ သားရဲလူသားတိုင်းကို ဖမ်းလိုက်" အက်ဂါက ပြောလိုက်၏။ ကယ်ဗင်က ကြယ်မြို့တော်၏ရဲဌာန၏ ဒုတိယအကြီးအကဲဖြစ်လေသည်။ အက်ဂါနှင့် ကယ်ဗင်တို့က အတန်းဖော်များဖြစ်ကြသလို အလွန်ရင်းနှီးသော သူငယ်ချင်းများလည်းဖြစ်ကြ၏။ ကြယ်မြို့တော်သို့မရောက်မှီ အက်ဂါက ကယ်ဗင်အား ကြယ်ဓားပြများကို လာခေါ်ရန်အမိန့်ပေးထားပြီးဖြစ်၏။ သို့သော်လည်း ယခုလက်ရှိအခြေအနေအရ ရဲဌာနသို့ ကယ်ဗင်ပြန်ခေါ်သွားရမည့်အရေအတွက်မှာ သူမျှော်မှန်းထားသည်ထက်ပင်များနေလေသည်။

 "ကိစ္စမရှိပါဘူး..." ကယ်ဗင်က အက်ဂါ့အားစူးစမ်းသလိုကြည့်ရင်း ချက်ချင်းပြန်ဖြေလိုက်၏။ သူက အက်ဂါ၏ရုတ်တရက် ခွန်အားကြီးမားသွားခြင်းအပေါ် သိချင်စိတ်ပြင်းပြနေပြီး ကံမကောင်းစွာပင် ယာဥ်ရပ်နားစခန်းက စကားပြောရန်ကောင်းသည့်နေရာမဟုတ်လေရာ...ကယ်ဗင်သိခွင့်မရှိတော့ပေ။

ကယ်ဗင်က ​ပြောစရာပြောပြီးနောက် အချက်ပြသည့်အနေဖြင့် လက်ကိုဝေ့ယမ်းလိုက်၏။ အမိန့်ပေးခံထားရသော ရဲသားတစ်ဦးပြီးတစ်ဦး မတ်တပ်ရပ်လိုက်ကြကာ အက်ဂါ့အားလေးစားကြည်ညိုသည့်မျက်လုံးများဖြင့် တစ်ခဏငေးကြည့်ပြီးနောက် ပြဿနာလုပ်ထားသည့်သားရဲလူသားများနှင့် ကြယ်ဓားပြများကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြတော့၏။

 အက်ဂါက ကြယ်ဓားပြများ ဖင်တုန်အောင်ကြောက်သည်အထိ ရိုက်နှက်ထုထောင်းထားလေရာ ကြယ်ဓားပြတစ်ဦးချင်းစီတိုင်း နာနာခံခံဖြင့် ပြဿနာမလုပ်ကြ၍ ကြယ်ဓားပြများကို ထိန်းသိမ်းခြင်း၌ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သားရဲအသွင်ပြောင်းသွားကြသော သားရဲလူသားများအား ကိုင်တွယ်ရခက်နေလေသည်။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now