2.3K 579 11
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺
(Unicode)
အက်ဂါက သားရဲလူသားများအား မြင်လိုက်သလို သားရဲလူသားများကလည်း အက်ဂါကိုမြင်သွားကြ၏။
တောထဲတွင် မြွေအကြီးကြီးတစ်ကောင်နှင့် ရင်ဆိုင်လိုက်ရ၍ သားရဲလူသားများက သတိအနေအထားပြောင်းလိုက်ကြပြီး တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေကြ၏။
 ယခုခေတ် သားရဲလူသားများက သားရဲပုံစံပြောင်း၍ အစာရှာရန်မလိုအပ်တော့သော်လည်း သားရဲလူသားများက တိုက်ခိုက်ရသည်ကို နှစ်သက်ကြ၏။ သူတို့က လက်နက်ကိုသုံး၍ ယှဥ်ပြိုင်ရခြင်းထက် သူချ၊ကိုယ်ချ နပန်းလုံးရသည်ကို ပို၍နှစ်သက်ကြ၏။ သားရဲလူသားအုပ်စုက တောထဲတွင် သားရဲကောင်အားတွေ့လိုက်ရ၍ အသွေးအသားထဲနစ်မြှုပ်နေသည့် တိုက်ခိုက်လိုသော ဗီဇက ထကြွလာ၏။
"ဘော့စ်...ဒီတစ်ခေါက် ကျွန်တော့အလှည့်နော်"
သားရဲလူသားတစ်ဦးက ကျယ်လောင်စွာပြောကာ သူ၏အဝတ်ကိုဝှီးကနဲချွတ်ကာ  ကြီးမားသော ဝံပုလွေတစ်ကောင်အဖြစ်ပြောင်းလိုက်၏။
 ထိုသားရဲလူသားက ချွတ်ထားသည့်အဝတ်ကို သူ၏သိုလှောင်လက်စွပ်ထဲထည့်လိုက်ပြီး အရှိန်ပြင်းပြင်းဖြင့် အက်ဂါဆီသို့ပြေးလာတော့၏။
 အက်ဂါက တစ်ဖက်လူမှ တဟုန်ထိုးတိုက်ခိုက်ရန်ပြင်နေသည်ကိုမြင်တော့ ပါးစပ်ထဲမှ ရစ်ငှက်ကိုချကာ တစ်ဖက်လူအားစကားပြောဖို့ပြင်လိုက်၏။ ထိုအခါမှ သူက သားရဲပုံစံဖြစ်ကာ စကားမပြောနိုင်​ကြောင်း ရုတ်တရက်သတိရသွားလေသည်။ ယခုအခြေအနေတွင် ထိုသားရဲလူသားအုပ်စုနှင့် ဆက်သွယ်စကားပြော၍မရနိုင်ပေ။
အက်ဂါပစ်ချလိုက်သော ရစ်ငှက်က နံဘေးမှ သစ်ပင်နှင့်တိုက်ကာ မြေပြင်ပေါ်ပြုတ်ကျသွားပြီး သေပြီလား၊ ရှင်သေးလား အက်ဂါလည်းမသိချေ။ အက်ဂါက အမြီးကိုရမ်းကာ တိုက်ခိုက်လာသော ဝံပုလွေကြီးအား ကြိုဆိုလိုက်၏။ မြွေတစ်ကောင်နှင့် ဝံပုလွေတစ်ကောင်တို့ အားကုန် တိုက်ခိုက်ကြလေတော့သည်။
 "ဂျေကာ...နိုင်မယ်လို့ ထင်လား"
သားရဲလူသားအုပ်စုမှ ခေါင်းဆောင်က မြွေကြီးအား ဝံပုလွေပုံစံဖြင့်တိုက်ခိုက်နေသော ဂျေကာကိုကြည့်ကာ သူ၏အဖွဲ့အားမေးလိုက်၏။
သူတို့အုပ်စုက ဂတ်စ်ဂြိုဟ်၏အစောင့်တပ်သားများဖြစ်ကြ၏။ လွန်ခဲ့သောရက်အနည်းငယ်က အားလပ်ချိန်ရပြီး နှင်းများလည်းကျလာ၍ အပြင်ထွက်ကာ ဆောင်းရာသီအမဲလိုက်ကြခြင်းဖြစ်၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now