2.2K 540 15
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀
(Unicode)
ဗိုလ်ချုပ်ကြီးလဲ​ဗာက အိမ်ရှေ့စံအရှင့်သားအား ကြယ်ဓားပြများ ပြန်ပေးဆွဲသွားပြီဟုထင်ကာ သူ၏နှလုံးက လည်ချောင်းမှ ထွက်ချင်ချင်ဖြစ်နေလေသည်။ တစ်ဖက်မှန်သားပြင်ထက်မှ လူကအက်ဂါဖြစ်ကြောင်း သေချာသွားတော့မှ သူ၏နှလုံးသားလေး ပြန်တည်ငြိမ်သွားလေသည်။
 "အရှင့်သား...ဘယ်လိုလုပ်ပြီး ကြယ်ဓားပြယာဥ်ပေါ်ရောက်နေတာလဲ" လဲဗာကမေးလိုက်၏။ မီး​တောက်ကြယ်ဓားပြအဖွဲ့က နာမည်ကြီးသည့် ဓားပြအဖွဲ့ဖြစ်လေသည်။ တစ်ချိန်က စစ်တပ်စုတစ်ခုမှာ ထိုအဖွဲ့အားချေမှုန်းရန်အမိန့်ချခံခဲ့ရ၏။ ကံမကောင်းစွာပင် ကြယ်ဓားပြများက အပုန်းကောင်းကြပြီး ရှာဖွေရမည့်နေရာကလည်း ကျယ်ပြန့်လေရာ မီးတောက်ကြယ်ဓားပြအဖွဲ့သားများ တစ်ယောက်တစ်လေပင် မဖမ်းမိခဲ့ချေ။ ထိုတပ်ဖွဲ့က စစ်တပ်သုံးစွဲငွေအများအပြားကို သုံး၍ လိုက်ဖမ်းခဲ့ခြင်းက အချည်းနှီးသာဖြစ်ခဲ့၏။
 "အိုးးဒီမင်းသားကို ဓားပြတိုက်ချင်တဲ့ ကြယ်ဓားပြတွေရှိနေတာဆိုတော့လေ..." အက်ဂါကလည်း ပြန်ဖြေ၏။
 လဲဗာက ​အံ့အားသင့်သွားသော်လည်း သူ၏မျက်နှာအမူအယာအား ချက်ချင်းပြန်ထိန်းနိုင်ခဲ့၏။ အရှင့်သားက ဓားပြတိုက်တဲ့သူရှိလို့ သူကပြန်ပြီးဓားပြတိုက်ထားတယ်ဆိုပဲ....။
 အရှင့်သားက အရှင့်သားပီသပါပေတယ်..။ လဲဗာက အက်ဂါ့အား ကြည်ညိုလေးစားစွာဖြင့် ငေးကြည့်နေမိတော့၏။
 လဲဗာက တော်ဝင်အာကာသယာဥ်တပ်၏ ဗိုလ်ချုပ်ကြီးဖြစ်လေသည်။ အင်ပါယာတွင် စစ်တပ်ကအဆင့်တစ်ခုရှိသော်လည်း စစ်တပ်၏အသုံးစရိတ်များကို တော်ဝင်မိသားစုကထောက်ပံ့သဖြင့် စစ်တပ်မှ သူအများအပြားက တော်ဝင်မိသားစုအား သစ္စာခံကြ၏။
"အက်ဂါ...အပြင်မှာ ဘာတွေဖြစ်နေတာလဲ..။ ခင်ဗျား...." ရှုရှုက တံခါးပေါက်ကြားမှ ခေါင်းကလေးပြူထွက်ကာဖြင့် အက်ဂါ့အားသိချင်စိတ်ပြင်းပြစွာ ချောင်းကြည့်ရင်းမေးလိုက်၏။ သူတပည့်က အိမ်ရှေ့စံမင်းသားလို့ ပြောဖူးတယ်မလား။ ဒါကိုဘာလို့ စစ်တပ်ရဲ့ဝိုင်းနေတာကို ခံနေရတာလဲ..။ သူ့တပည့်ကြီးက အရင်ကအိမ်ရှေ့စံဆိုပေမဲ့..တော်ဝင်မိသားစုက ရာထူးကနေပြုတ်သွားတာလား..။ဒါမှမဟုတ် အက်ဂါ့ရဲ့ ညီအစ်ကိုတစ်ယောက်ယောက်က အက်ဂါ့ကိုပြန်မလာစေချင်လို့ လမ်းတစ်ဝက်မှာတင် ခြုံခိုလုပ်ကြံနေတာများလား..။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now