🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹

2.2K 563 14
                                    

🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹

(Unicode)

ဂတ်စ်ဂြိုဟ်မှာ ကျယ်ဝန်းလှသော်လည်း လူနေကျဲပါးသောကြောင့် သူတို့တွင် အိမ်များကိုကူညီတည်ဆောက်နိုင်သော ဆောက်လုပ်ရေးစက်ရုပ်များရှိသည်။ သားရဲလူသားတိုင်း သီးခြားအိမ်ကြီးများတွင် နေထိုင်ကြပြီး ထို့ကြောင့်ဂျွန်းက အက်ဂါနှင့်ရှုရှု အတွက် ဗီလာတစ်လုံး ဆောက်လုပ်ပေးခဲ့သည်။ (စက်ရုပ်နဲ့ဆောက်ပေးထားတာနော်...)

ထိုအိမ်မှာ နှစ်ထပ်တိုက်သေးသေးလေးဖြစ်ပြီး ဧည့်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့် ဧည့်အိပ်ခန်းတို့ပါဝင်လေသည်။ အပေါ်ထပ်တွင် အိပ်ခန်းနှစ်ခန်းလဲပါဝင်ပြီး လသာဆောင်နှင့် ချိတ်ဆက်ထားသော စာကြည့်ခန်းလည်းပါဝင်၏။ ရှုရှုက အက်ဂါကို လသာဆောင် ဝရံတာဆီဆွဲခေါ်လာခဲ့၏။ "လာလာ....ကျွန်တော်တို့ တူတူကျင့်ကြံကြရအောင်"

အက်ဂါကလည်း စတင်ကျင့်ကြံလိုက်၏။ ကျင့်ကြံသည်မှာမကြာသေး အက်ဂါ၏ အကြေးခွံကျွတ်ထားသော ဝမ်းဗိုက်ပိုင်းမှာ ယားယံလာပြန်၏။

ဘာဖြစ်ရပြန်တာတုန်းဟ။

 ကျင့်ကြံခြင်းက သူ့အပေါ် အကျိုးရှိသည်မှာ မှန်၏။ သူက ကျင့်ကြံခြင်းမှာ ကောင်းမွန်ကြောင်း လက်ခံနိုင်သော်လည်း....အဘယ့်ကြောင့် ယားယံမှုကိုခံစားနေရပါသနည်း။ ကျင့်ကြံလိုက်တိုင်း ဘာကြောင့်များ သူ့ဗိုက်ကအကြေးခွံတွေ ကျွတ်နေရတာလဲ။

 အက်ဂါက သူ၏အခြေအနေကြောင့် ကျင့်ကြံရာ၌အာရုံမရတော့ချေ။ နောက်ဆုံး သူမခံနိုင်တော့၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ သားရဲတစ်ပိုင်းလူသားငယ်လေးက သူ့အားပြူးကြည့်နေသည်ကို တွေ့လိုက်ရ၏။

ရှုရှုက မြွေကြီးနှင့်အတူတူကျင့်ကြံဖို့ စီစဥ်ထားခဲ့၏။ သို့သော် သူ၏လက်ရှိအခြေအနေမှာ ​ရှေ့လဲမတိုးသာ၊နောက်လဲမဆုတ်သာ အခြေအ​နေဖြစ်နေပြီး သူ၏ကိုယ်ထဲ စိတ်ဝိညာဥ်စွမ်းအား အနည်းငယ်သာ ထိန်းထားနိုင်၏။ ထို့ကြောင့်ဆက်၍ မကျင့်ကြံနိုင်တော့သဖြင့် တပည့်ကြီးကျင့်ကြံနေသည်ကိုသာ ထိုင်ကြည့်နေလိုက်တော့၏။ သူ၏တပည့်​က မျက်လုံးဖွင့်ကြည့်လာသည်ကို မြင်တော့ ကျင့်ကြံဖို့ တရစပ်တိုက်တွန်းနေလိုက်တော့သည်။ "ကျင့်ကြံစမ်းပါဗျာ....မြန်မြန်လေးးးးကျင့်ကြံလိုက်တော့"

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now