2.5K 593 10
(Unicode)
ရှုရှု၏လက်များမှာ တုန်ယင်နေ၏။ သူ၏လက်ရှိအခြေအနေဖြင့် ဝါးထားသည့်ဆေးများကို မြွေကြီးဒဏ်ရာပေါ်တည့်တည့် ပစ်နိုင်လျှင် ထူးဆန်းရာကျသွားလိမ့်မည်။ဆေးပင်များမှာ မြွေကြီး၏ဒဏ်ရာနှင့်ဝေးရာစီ ခဏခဏတဖတ်ဖတ်ကျနေ၏။
ရှုရှုမှာ ကြောက်ရွံ့နေပြီး မကြာမကြာနောက်ဆုတ်ပြေးတတ်၏။ မြွေကြီးမလှုပ်ရှားသည်သေချာမှ စိတ်အေးကာ ပြန်လာတတ်၏။
မြွေကြီးက ကျပ်တီးကျပ်တည်းဖြစ်မနေဘူးမလား။ ရှုရှုက မြွေကြီးကို စိတ်ပူပန်စွာစစ်ဆေးကြည့်လိုက်၏။ မြွေကြီး၏ ကိုယ်ပေါ်မှဒဏ်ရာကြီးကြီးငယ်ငယ်ကို ကြည့်ရင်း ရှုရှုမျက်လုံးများ ပူလာလေ၏။
ယခင်က ဤနေရာမှာ အလွန်လုံခြုံမှုရှိသည်ဟု သူထင်ခဲ့၏။ ထိုသို့လုံခြုံရခြင်းမှာ ဤသဘောကောင်းသည့်မြွေကြီးနှင့် တစ်နည်းနည်းပတ်သက်နေနိုင်၏။ မြစ်ကမ်းပါးအနီး သားရဲမျိုးစုံကျင်လည်ကျက်စားတတ်ကြပြီး သူတစ်ခါမျှ မည်သည့်သားရဲနှင့်မျှမတွေ့ဆုံခဲ့ရပေ။
ဤသဘောကောင်းသည့်သူက သူ့အားကူညီခဲ့ခြင်းဖြစ်ရမည်။ ရှုရှုက ထိုအကြောင်းတွေးမိတော့ ဝမ်းသာကြည်နူးမိ၏။ သို့သော် မမျှော်လင့်ပဲ ထိုသဘောကောင်းသူမှာ သူရှေ့မှမြွေကြီးဖြစ်နေ၏။ မြွေကြီး....သူမသေနိုင်ဘူးမလား။
ရှုရှုမျက်လုံးများကို ပွတ်လိုက်ရင်း ဆေးပင်များကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်၏။
ဆေးပင်၏အရသာမှာ ခါးလှ၏။ ထို့ကြောင့် ရှုရှုမှာ မျက်မှောင်ကြီးကြုတ်ရင်း ဝါးကာ လက်ဖဝါးထဲထွေးချလိုက်သည်။ ဝါးထားသည့်ဆေးပင်များအား သူလှမ်း၍မပစ်ရက်တော့ပေ။ သူကအားတင်းကာ ​မြွေကြီးနားလျှောက်သွားလိုက်၏။
ရင်းနှီးသည့်အနံ့မှာ ပြင်းထန်လာ၍ ရှုရှုသိပ်မကြောက်တော့ပေ။ သူကဆောင့်ကြောင့်လေးထိုင်ချလိုက်ပြီး မြွေကြီးအမြီးအနီးတစ်ဝိုက်ဒဏ်ရာများအား ဆေးထည့်ပေးကာ ငြင်ငြင်သာသာလိမ်းကျံပေးလိုက်၏။
ဆေးလိမ်းပေးနေစဥ် ရှုရှုက သတိမထားမိပဲ မြွေကြီး၏ပြောင်ချောနေသော အကြေးခွံကိုထိလိုက်မိ၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now