🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/

2.5K 602 17
                                    

(Unicode)

ရှုရှုက ဝါးနေသည်ကိုရပ်ကာ သူ၏'အိပ်ခန်း' ဟုသတ်မှတ်ထားသော ကျင်းလေးထဲမှထွက်ကာ 'ဧည့်ခန်း' ဟုသတ်မှတ်ထားသော ကျင်းဘက်သို့ကြည့်လိုက်၏။

ဟမ်းစတားလေးတစ်ကောင်အနေဖြင့် သူ၏ညအမြင်က ကောင်းမွန်သလို အနံ့အာရုံခံစားမှုကလည်း ကောင်းမွန်လှ၏။

ရင်းနှီးနေသော ကိုယ်အနံ့က သူ၏နှာခေါင်းဝနားကျီစယ်လာပြီး သူ၏'ဧည့်ခန်း'လေးထဲ ဖိတ်ခေါ်မထားသည့် မြွေကြီးကအခန့်သားရောက်နေ၏။

မြွေကြီး သူ့အနားမရှိသေးမီက ရှုရှုမှာ သူ့အား မကျေမနပ်ပြောရဲ၏။ မြွေကြီးက သူ့အားချစ်ခင်ပြီး မစားချင်မှန်း သူ၏မသိစိတ်က သိနေ၏။ ထို့ကြောင့် မြွေကြီးနှင့် တောအုပ်တစ်ခုထဲနေရသည့်အပေါ် ရှုရှုမကြောက်တော့ပေ။ သို့သော် ယခုလိုမြင်ရလေတော့ ရှုရှုမှာ ခေါင်းကြိမ်းသွားရပြီး ခြေထောက်များလည်း ခွေယိုင်ကာ နှလုံးခုန်သံပင် မြန်လာရ၏။

ရှုရှုမှာ သူ၏ပင်ကိုယ်အသိစိတ်အရ တုံ့ပြန်မှုအားလုံးဝ မထိန်းချုပ်နိုင်ပေ။

ရှုရှုမှာ 'အိပ်ခန်း'အဝလေးတွင် ​မှောက်ယက်ကလေးလဲလျောင်းနေပြီး တစ်ကိုယ်လုံးတောင့်တင်းနေကာ မလှုပ်နိုင်ရှာပေ။ မြွေကြီးက သူ၏ 'ဧည့်ခန်း' ထဲ ပိုင်စိုးပိုင်နင်းဖြင့် အခြေချနေသည်ကို အကူအညီမဲ့စွာကြည့်နေရ၏။ အမှောင်ထဲတွင် သူ့အားကြည့်လာသော မြွေကြီး၏မျက်လုံးအစုံမှာ ဘလင်းဘလင်းအရောင်များထွက်နေ၏။

ရှုရှု၏နားရွက်ပွပွလေးနှင့် တစ်ကိုယ်လုံးရှိအမွှေးများထောင်သွားရ၏။ သူ့တစ်ကိုယ်လုံး အေးစက်လာပြီး တုန်ယင်နေကာ သူ၏စိတ်မအစုံမှာလည်း ဗလာဖြစ်၍နေသည်။ ကံကောင်းစွာပင် မြွေကြီးကအခြားဘာမျှမလုပ်ပဲ ခွေကာအိပ်တော့၏။ ထိုအခါမှ ရှုရှုလှုပ်ရှားနိုင်လာလေ၏။

ရှုရှုက 'အိပ်ခန်း' လေးထဲပြန်ဝင်ကာ အဝကို ကျောက်တုံးဖြင့်ဆို့လိုက်၏။ ရှရှုက ​ကျဥ်းမြှောင်းလှသည့် 'အိပ်ခန်း' ကျင်းလေးထဲပတ်ကာ တလှုပ်လှုပ်ဖြစ်နေသည်။

သူက ကျင်းတူးရသည်ကိုနှစ်သက်ပြီး တွင်းသေးသေးလေးများတူးရသည်ကိုလည်း ကြိုက်၏။ ထိုတွင်းသေးသေးလေးများက အမှန်ပင်ကျဥ်းလှပြီး သူတစ်ကိုယ်စာထိုင်နေရုံမျှသာကျယ်၏။ ထိုတွင်းလေးအား စိတ်သက်သာလို သက်သာငြားတူးထားခြင်းဖြစ်လေသည်။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now