2.3K 566 9
(Unicode)
ရှုရှု၏ဂူလေးထဲ မြွေတစ်ကောင်ထပ်တိုးလာသော်လည်း သူ၏ဘဝမှာ ထူးထူးခြားခြားမပြောင်းလဲသွားချေ။
ဟမ်းစတားလေးတစ်ကောင်အနေဖြင့် မြွေကြီးတစ်ကောင်နှင့် သူ၏ဂူထဲအတူတူနေသည်ကို ရှုရှုအသားမကျသေးပေ။
ထို့ကြောင့် မြွေကြီးအားကျင့်ကြံနည်းမြန်မြန်သင်ပေးရန် စီစဥ်နေမိတော့၏။
မြွေကြီးသာ လူသားအဖြစ်ပြောင်းသွားလျှင် သူ့အားရှုရှုကြောက်စရာမလိုတော့ပေ။ အယ်....ဒါနဲ့ မြွေကြီးက အမတစ်ကောင်ဖြစ်နေမလား။ လူသားမိန်းမချောချောလေးအဖြစ် ပြောင်းသွားနိုင်လောက်တယ်မလား။ တကယ်လို့ မိန်းမချောချောလေးမပြောင်းပဲနဲ့.........။ အသိဉာဏ်အပြည့်အဝမဖွံ့ဖြိုးသေးသော သူများလူသားအဖြစ်​ပြောင်းလျှင် ကလေးငယ်တစ်ဦး ဖြစ်သွားတတ်၏။ မြွေကြီးသာ ကလေးလေးဖြစ်သွားခဲ့ရင်ကော...။
မြွေကြီးက နူးညံ့သည့်ပေါက်စီလုံးလေးဖြစ်သွားမည့်ပုံကို ရှုရှုတွေးကြည့်မိရင်း မနေနိုင်ပဲ ရယ်မောလိုက်မိ၏။ သူကရယ်မောနေရင်း သစ်သားတုံးကြီးအား အလွန့်အလွန်ကြီးမားသသော ပန်းကန်လုံးကြီးအဖြစ် လက်သည်းဖြင့် ခြစ်ထုတ်ပုံဖော်နေ၏။ ပန်းကန်လုံးကြီးဟုမပြောချင်လျှင် အဝတ်လျှော်ဇလုံကြီးဟုပြောနိုင်၏။
ရှုရှုက သူသုံးဖို့မဟုတ်သော်လည်း မြွေကြီးအတွက် အစာခွက်လုပ်ပေးနေခြင်းဖြစ်၏။
ရှုရှုက ပန်းကန်လုံးကြီးအား လုပ်ပြီးနောက် သူ၏လက်ရာမြောက် ဖားပြားကင်များနှင့် အသားခြောက်အချို့ကိုထည့်လိုက်၏။ ထို့နောက် သစ်သားပန်းကန်လုံးကြီးအား မြေကြီးပေါ်ချကာ မြွေကြီးနားတွန်းပေးလိုက်၏။ ရှုရှုက မြွေကြီးအတွက် အစာပန်းကန်ကိုကြည့်ရင်း တိတ်တဆိတ်သွားရည်ကျနေမိ၏။
ယခုဆိုလျှင် သူစားဖို့အသားများမရှိတော့ပေ။ ရှိသည့်အသားခြောက်များကို မြွေကြီးစားရန်ချန်ထားရသည့်အတွက် ရှုရှုမှာ သနားစဖွယ်လေးဖြင့် မီးဖိုထဲပစ်ထည့်ထားသည့် သစ်အယ်သီးများအား ထုတ်ကာ ဝါးနေရ၏။
အက်ဂါက ရှုရှုချပေးသော ဇလုံကြီးအားကြည့်ကာ ဖြည်းဖြည်းချင်း စားသုံးနေလိုက်၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now