🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀

2.2K 548 7
                                    

🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀

(Unicode)

"အမှန်ပဲ...။ သူတို့တွေသာ မင်းရဲ့ဓာတ်ပုံကိုရိုက်သွားခဲ့ရင် နောက်ကျမင်း အဆင်မပြေဖြစ်ရလိမ့်မယ်" အက်ဂါက ရှုရှု့အား ချစ်မြတ်နိုးပါ၏။ သို့သော် ရှုရှုကငယ်ရွယ်လွန်းနေသေးပြီး ရှုရှု့အားလက်ထပ်လိုပါက အသက်နည်းနည်းကြီးလာသည်အထိ နှစ်အနည်းငယ်စောင့်ရပေဦးမည်။ ထို့ကြောင့် အက်ဂါက ရှုရှု့အကြောင်း အချိန်တစ်ခုအကြာလျှို့ဝှက်ထားချင်မိ၏။ သို့မှသာ သူတို့နှစ်ဦး နှစ်အနည်းငယ်လောက် ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနိုင်ပေမည်။

ရှုရှုက အက်ဂါ၏အတွေးကို သတိမထားမိပါချေ။ အက်ဂါ၏စကားကို နာခံစွာဖြင့် ခေါင်းလေးတညိတ်ညိတ်လုပ်ကာ ပြောလိုက်၏။ "ကျွန်တော်သေချာပေါက် ကောင်းကောင်းဖုံးကွယ်နေပါ့မယ်"

သူ့ရဲ့အကောင်ငယ်လေးက အရမ်းနာခံတတ်တာပဲ။ အက်ဂါမနေနိုင်ပဲ ပြုံးလိုက်မိ၏။

နာခံလွန်းတဲ့ သားရဲတစ်ပိုင်းလူသားလေး....။ ဘေးမှရပ်ကြည့်နေကြသော အာကာသယာဥ်ဝန်ထမ်းများနှင့် စစ်သားတစ်စုမှာ အက်ဂါ့အား မနာလိုစွာဝိုင်းကြည့်လိုက်ကြလေသည်။

လူတိုင်းအစစအရာရာ ပြင်ဆင်ပြီးခါမှ အာကာသယာဥ်ပေါ်မှဆင်းလိုက်ကြလေသည်။ သူတို့က ကြယ်ဓားပြများကို အခက်အခဲမရှိထိန်းသိမ်းလာခဲ့ပြီး အပြင်ဘက်တွင်စောင့်ဆိုင်းနေကြသော ရဲများဆီအပ်နှံရန် အဆင်သင့်လုပ်နေကြရသည်။

ထို့​ကြောင့် သူတို့က အချိန်အတော်ကြာခါမှ အာကာသယာဥ်ထက်မှ ဆင်းသက်ရခြင်းဖြစ်လေသည်။

စောင့်ဆိုင်းနေရသည်မှာကြာလာ၍ ဂျီအို့ဘက််တော်သားများက မကျေမနပ်ဖြစ်လာကြလေသည်။ ဂျီအို၏ဘက်တော်သားများထဲမှ သားရဲလူသားတစ်ယောက်က တော်ဝင်မိသားစုအပေါ် အမြင်မကြည်သည့်သူဖြစ်ကာ အက်ဂါက အကြောက်လွန်နေပြီး ဖြစ်လာမည့်အကျိုးဆက်ကိုရှောင်ရှားလို၍ အချိန်ဆွဲနေပါသည်ဟု အသံကျယ်ကျယ်ဖြင့် အသံကောင်းဟစ်နေလိုက်လေသည်။

"မဟုတ်တရုတ်တွေ...။ အရှင့်သားက ဘယ်မှာကြောက်နေလို့လဲ.."

"အရှင့်သားနောက်ကျနေတာ...ကိစ္စတစ်ခုခုဖြစ်နေလို့နေမှာပေါ့..."

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now