👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္

2.4K 555 10
                                    

👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑

(Unicode)

ဂျွန်းက အက်ဂါ့ကိုကြည့်ကာ ​ပြောစရာစကားမဲ့နေရှာလေသည်။ "အရှင့်သားက အင်ပါယာအရှင်နဲ့ တစ်ပုံစံတည်းပဲ"

တကယ့်ကို မန်ဆောင်း တစ်ယောက်ပဲ။ (闷骚 = ရှက်တတ်ပြီး၊ အေးတိအေးစက်လိုလိုနဲ့ တကယ်တမ်းကျ ရင်ထဲအသည်းထဲကနေ နင့်နေအောင်ချစ်ပြီး ပိုင်ဆိုင်လိုစိတ်ကြီးသူပါတဲ့)

ဟိုးအရင်တုန်းကလည်း အင်ပါယာအရှင်က အီယန်၏အာရုံစိုက်မှုရရန် မကြာခဏ ထိုသို့လုပ်တတ်၏။

ဟယ်လီကော်ပတာက အက်ဂါနှင့်ရှုရှုတို့ နေထိုင်ရာ အိမ်ဝန်းနားတွင် ဆိုက်ကပ်လိုက်၏။

အက်ဂါက ဟယ်ဟီကော်ပတာပေါ်မှဆင်းလာပြီး တင်းနေအောင်စေ့ပိတ်နေသော အိမ်တံခါးကိုကြည့်ကာ စိတ်မသက်မသာခံစားနေရ၏။

ရဟတ်ယာဥ်သံက အကျယ်ကြီးပဲ။ ဒီတော့ သူ့အချစ်ကလေး မကြားဘူးဆိုတာမဖြစ်နိုင်ဘူး။ ရှုရှုလေးက သူ့ကိုစိတ်ဆိုးနေတာများလား။

အက်ဂါက ထိုရုပ်ရှင်ကားအား ပြန်တွေးမိလိုက်ပြန်၏။ ရုပ်ရှင်ကား၏ အဖြစ်အပျက်အရ......သူလည်း သူ့အချစ်လေး၏ အော်ဟစ်ကြိမ်းမောင်းကာ အိမ်ပေါ်မှ မောင်းချခံရနိုင်သလား။ "ဟေးး ခင်ဗျားက အိမ်ရှေ့မင်းသားဆိုတာ ကျုပ်ကိုဘာလို့မပြောတာလဲ။ ခင်ဗျားက ကျုပ်ကိုလာလိမ်နေတာ..လူလိမ်ကြီး...။ ကျုပ်က အိမ်ရှေ့မင်းသားဆိုတာနဲ့ တန်ဖိုးထားပြီး ကပ်တွယ်နေမယ်လို့ထင်နေလား"

ရုပ်ရှင်ထဲမှ မင်းသား၏စကားများကိုကြားယောင်ရင်း အက်ဂါက တံခါးကိုကိုယ်တိုင်ဖွင့်ကာ ရစ်ငှက်နှစ်ကောင်နှင့်အတူ ဝင်သွားလိုက်လေသည်။

ရှုရှုကတော့ ဖောင်းနေသောဗိုက်ကလေးကို ပုတ်ရင်း ဆိုဖာပေါ်လှဲနေ၏။ မုန့်ထုပ်များစွာကလည်း အကုန်ဖောက်စားထားကာ အခွံများသာကျန်တော့၏။ "ဟင်...ခင်ဗျားပြန်ရောက်လာပြီလား"

"ကိုယ်ပြန်လာပြီ" အက်ဂါက ပြန်ဖြေ၏။

"ရစ်ငှက်တွေ....။ ကျွန်တော်တို့ဒီနေ့ ကြက်သားစားရတော့မှာပေါ့" ရှုရှု၏ မျက်ဝန်းများကို တောက်ပသွားပြီးမှ ပြန်ပြီးမှိန်ကျသွားလေသည်။ "အဟင့်...ကျွန်တော် မုန့်တွေအများကြီးစားလိုက်တာ...မစားနိုင်တော့ဘူးးးး" ရှုရှုမှာ အများကြီးစားလိုက်ရုံသာမက ထပင်မထနိုင်တော့သည်အထိ စားထားမိခြင်းဖြစ်နေသည်။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now