2.2K 556 19
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀
(Unicode)
အရာရာမှာ ထင်ထားသည်နှင့် လွဲချော်လျက်ရှိနေသည်။ ဒီဓားပြတွေက ဂိမ်းကစားချင်နေခဲ့တာမဟုတ်ဘူးလား။ ဘာကြောင့် ဒီလောက်မြန်မြန်ပြီးသွားရတာလဲ။
 ဒါနဲ့... အရှင့်သားက ဘယ်တုန်းက ဝင်သွားပြီး ဓားပြခေါင်းဆောင်ကို ဘယ်လိုများ ဖမ်းလိုက်တာတုန်း။
ဂျေရက်နှင့် အခြားသူများမှာ အက်ဂါအား မယုံနိုင်ဖွယ်ကြည့်နေကြ၏။ သူတို့၏ မယုံနိုင်ခြင်းနှင့်အတူ သူတို့၏စိတ်ထဲတွင် ခံစားချက်ပြည့်နှက်စွာဖြင့် သက်ပြင်းအရှည်ကြီးချလိုက်ရ၏။ အရှင့်သားက တကယ့်ကိုအံ့သြစရာပဲ။
အက်ဂါက သူ၏လက်အောက်ခံတပ်သားများ၏ အတွေးကိုလုံးဝမသိပေ။ သူက အမြီးထိပ်ဖြင့် ကြယ်ဓားပြ အာကာသယာဥ်ပေါ်မှခလုတ်အမျိုးမျိုးကို နှိပ်နေလေသည်။
 သူက ကမီရယ်၏ ယာဥ်အပေါ်ထိန်းချုပ်နိုင်စွမ်းကို ဖျက်ပစ်လိုက်ပြီး ယာဥ်ပေါ်မှနေရာအများအပြားအား ပိတ်ချပစ်လိုက်ကာ ဓားပြခေါင်းဆောင်ဖြစ်သူအား သတိမေ့အောင်ရိုက်ပစ်ပြီးနောက် သတိမေ့မျောနေသူအား အမြီးဖြင့်ပတ်၍ ဂျေရက်ဆီပစ်ပေးလိုက်၏။
ဂျေရက်က ဓားပြခေါင်းဆောင်အား ဖမ်းသွားသည်ကိုကြည့်ပြီးမှ အက်ဂါက ကုန်တင်အာကာသယာဥ်ဆီပြန်သွားလိုက်ပြီး လူအသွင်ပြောင်းကာ အဝတ်ဝတ်လိုက်လေသည်။
 ပထမဦးဆုံးအနေဖြင့် အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေးအား ကြယ်ဓားပြများ ဖမ်းဆီးပြီးကြောင်း ပြောပြလေသည်။ ထို့နောက် အက်ဂါက စစ်သားနှစ်ရာအား ဓားပြယာဥ်ပေါ်ခေါ်လာကာ ဓားပြတစ်ယောက်ချင်းစီတိုင်း ဖမ်းဆီးကာ လက်နက်များကိုသိမ်းယူလိုက်၏။
ဂျေကာက တိုက်ခိုက်ရသည်ကိုကြိုက်နှစ်သက်ပြီး ဓားပြနောက်ခံထားသော ဝတ္ထုများ၊ ရုပ်ရှင်များ၊ တီဗွီစီးရီးများကို အလွန်နှစ်သက်လေ၏။ သူက စစ်သားတစ်ယောက်ဖြစ်သော်လည်း အတိတ်တွင် သူအားအကျရဆုံးသော စံပြပုဂ္ဂိုလ်မှာ "ကြယ်ဓားပြဘုရင်"၏ ကြယ်ဓားပြကပ္ပတိန်တစ်ယောက်ဖြစ်လေသည်။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now