🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹

2.6K 597 12
                                    

(Unicode)

 တွင်းထဲတွင် ငါးအများကြီးရှိနေပြီး ယခင်နေ့ကဖမ်းမိခဲ့သောဖားများထက်ပင် အရေအတွကများလွန်းလှ၏။ ရှုရှုက အလွန်ကျေနပ်ကာ အပြုံးကြီးကြီးတစ်ပွင့်ဖြစ်တည်လာ၏။ သူက ငါးများကို အမျိုးအစားတစ်မျိုးစီခွဲခြားနေလိုက်၏။

ငါးများကို ခွဲနေစဥ် သူကသွေးအနံ့ကိုရလိုက်၏။

သွေးအနံ့ကအရမ်းပြင်းတာပဲ။ ဒါအန္တရာယ်ပဲ!!! ရှုရှုထွက်ပြေးရန်ပြင်နေဆဲတွင် မြွေကြီးက အစက်အပြောက်ပါသည့် သမင်တစ်ကောင်ကို ကိုက်ချီလာလေ၏။

 "မြေ....မြွေ...မြွေကြီးလား" ရှုရှု၏အသံမှာ တုန်ယင်နေချေ၏။ ဒီမြွေကြီးက....သူ့မြွေကြီးဟုတ်ပါတယ်နော်...။

အက်ဂါက သမင်ကို ရှုရှုဘက်ပစ်ပေးကာ အမြီးလေးလှုပ်ပြ၏။ သူကလေးဘဝတုန်းက အမြီးလှုပ်ပြခြင်းကို မလုပ်ပြချင်သော်လည်း သူ၏ဖေဖေနှစ်ယောက်က လုပ်ခိုင်းခဲ့၍ ယခုဆို ချစ်စဖွယ်ပုံပေါက်အောင်ကျွမ်းကျင်စွာ အမြီးလှုပ်ပြနိုင်ပြီဖြစ်၏။

"ခင်ဗျားကို ဂူထဲမှာ​ မလှုပ်ရဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ဘာလို့ လျှောက်သွားပြီး ဒီရောက်လာတာလဲ" ရှုရှုက ထိုမြွေကြီးမှာ သူ့တပည့်ဖြစ်ကြောင်းသိသွား၍ ချက်ချင်းပင်ကြောက်စိတ်ပျောက်ကာ ဆူပူတော့၏။

မြွေကြီးက ရှုရှုအားငေးကြည့်ကာ ငြိမ်ငြိမ်လေးခွေနေတော့၏။

"ဟေးးး ခင်ဗျားဘာဖြစ်သွားတာလဲ" ရှုရှုက စိတ်လှုပ်ရှားကာ မေးလိုက်၏။။ ထို့နောက် အဖြေအားစဥ်းစားမိလိုက်၏။ သူဆူပူနေစဥ် "မလှုပ်ရဘူး" ​ဆိုသည့်စကားလုံးအား သုံးခဲ့သည်လေ။

မြွေကြီးက အရမ်းနာခံတတ်တာပဲ။ ရှုရှုက ချက်ချင်းပင် ပျော်ရွှင်သွားကာ မြွေကြီးအပြင်လျှောက်ထွက်ကာ ဤနေရာသို့ရောက်လာခြင်းအား စိတ်ထဲမထားတော့ပေ။ မြွေကြီးက တကယ့်ကိုကလေးလေးလိုပဲ...စကားပြောသာသင်ပေးခဲ့ရတာ...တချို့ကိုပဲနားလည်မှာပေါ့။ ဒါကပြဿနာ ကြီးကြီးမားမားမဟုတ်ဘူး။ ဒါ့အပြင် မြွေကြီးဖမ်းခဲ့တဲ့ သမင်ကောင်က ဖက်တီးလေးဟ...။

လွန်ခဲ့သည့်ရက်များက ရှုရှုမှာ ဖားများကိုသာဖမ်းမိခဲ့၏။ သူက အသားလဲမရခဲ့၍ မြွေကြီးအားလည်း အသားခြောက်သာကျွေးခဲ့ရ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now