🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹

3.1K 601 22
                                    

🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹

(Unicode)
 
ဂတ်စ်ဂြိုဟ်သို့ ဝင်ထွက်သွားလာသူများစွာရှိ၏။သို့​သော်ထိုလူများက အများပိုင်အာကာသယာဉ်များ၊ ခရီးသွားအာကာသယာဉ်များ၊ ကော်ပိုရေးရှင်းအချို့၏ ကုန်တင်အာကာသယာဉ်များတွင် စီးနင်းကြလေသည်။ ဂတ်စ်ဂြိုဟ်၏ စစ်တပ်တွင် စစ်သုံးအာကာသယာဉ် အနေဖြင့်တစ်စင်းရှိပြီး ကျန်ကုန်တင်အာကာသယာဥ်တစ်စင်းသာရှိ၏။

ဂတ်စ်ဂြိုဟ်က အာကာသယာဥ်နှစ်စင်းရှိနေခြင်းမှာ အခြေအနေကောင်းသည်ဟုဆိုနိုင်သည်။ ဂတ်စ်ဂြိုဟ်ထက် အနည်းငယ်ပိုဝေးသော ဂြိုဟ်များတွင် အာကာသယာဥ်တစ်စင်းတောင်မပိုင်သည့် ဂြိုဟ်ငယ်များလည်းရှိ၏။

 အာကာသယာဥ်မှာ လေယာဥ်ပျံတစ်ခုလိုမဟုတ်ပဲ အကုန်အကျများလွန်းလှ၏။ အာကာသယာဥ်အား အမြဲတမ်းမသုံးစွဲရသော်လည်း နှစ်စဥ်နှစ်တိုင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ရပြီး ကုန်ကြငွေက အလွန်များပြားလွန်းလှလေသည်။

 "အရှင့်သားး စစ်သုံးအာကာသယာဥ်ကို ယူချင်ယူသွားပါလား" အက်ဂါက သစ်သားရုပ်ကြီးကဲ့သို့ ရပ်ကာ အာကာသယာဥ်ကြီးကို​ ကြည့်​နေ၍ဂျက်စတင်က သတိအပြည့်ဖြင့်ဝင်ပြောလိုက်လေသည်။

 "မလိုဘူး....ဒီယာဥ်ကိုပဲအရင်စစ်ကြည့်လိုက်မယ်" အက်ဂါက လူအချို့၏ကြံစည်ခဲ့မှုကြောင့် သူ၏သားရဲအမြုတေဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့် အက်ဂါက အရာရာသတိထားနေမိ၏။ စစ်တပ်သုံး အာကာသယာဥ်များက နံပါတ်စဥ်ဖြင့် မှတ်သားထားကာ ဤဂြိုဟ်မှ ယာဥ်တစ်စင်းအား လက်လွတ်စပယ်ယူသုံးခဲ့လျှင် အမှောင်ထဲမှလူများက အက်ဂါ့ကိုသိသွားကြလိမ့်မည်။ စစ်သုံးအာကာသယာဥ်နှင့် စာလျှင် ဤကုန်တင်ယာဥ်အိုကြီးက သိသာထင်ရှားမှုရှိမည်မဟုတ်ပေ။

 အာကာသယာဥ်များအကြောင်းပြောရလျှင် ၎င်းတို့အား တည်ဆောက်စရိတ်ကကြီးမားလှ၏။ ယခုလို ​ရှေးဟောင်းအာကာသယာဥ်က တော်တော်ရှားနေပြီဖြစ်သော်လည်း သုံးနေကြသူများရှိနေဆဲ ဖြစ်လေသည်။ တစ်ချိန်က အက်ဂါချေမှုန်းခဲ့သော ​ကြယ်ဓားပြအဖွဲ့ကလည်း ဤကဲ့သို့သော အထူးကြံ့ခိုင်ကာ တာရှည်ခံလှသည့် အာကာသယာဥ်အဟောင်းများကိုသုံးကြ၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now